ဂျပန်နိုင်ငံ အိုဆာကာတွင် မြန်မာSymposium ပွဲကျင်းပမည်

ဂျပန်နိုင်ငံ၊ အိုဆာကာမြို့အခြေ စိုက် ကန်ဆိုင်းစီးပွားရေး အသင်း ချုပ်အနေဖြင့် အာဆီယံ-ဂျပန်စင်တာနှင့်Resona Foundation for Asia & Oceania  တို့နှင့်ပူးပေါင်း၍ မြန်မာနိုင်ငံ ၏ စီးပွားရေးဝန်းကျင်နှင့် ပတ်သက် သည့် Symposium  ကို စက်တင်ဘာလ ၁ ရက်နေ့တွင် အိုဆာ ကာမြို့ Cityplaza Osaka  ၌ ကျင်းပဆောင်ရွက်သွားမည် ဖြစ်ပြီး အဆိုပါ Symposium တွင် မြန်မာနိုင်ငံ၏ စီးပွားရေးပတ်ဝန်းကျင်၊ စိန်ခေါ်မှုများ နှင့်အလားအလာများ ကန်ဆိုင်းဒေသမှ ကုမ္ပဏီများအတွက် ရင်းနှီးမြှုပ်နှံ မှုဆိုင်ရာ အခွင့်အလမ်း များကို အဓိက ထား ဆွေးနွေး သွားကြမည်ဖြစ် သည်။အဆိုပါ မြန်မာSymposium ပွဲ သို့ အမျိုးသားစီမံကိန်းနှင့်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန တာဝန်ရှိသူ တစ်ဦး မှ တက်ရောက်၍ မြန်မာနိုင်ငံ၏ စဉ်ဆက် မပြတ် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ဦးစားအပေးဆုံးကဏ္ဍများ  မြန်မာအနေဖြင့် ဂျပန်ကုမ္ပဏီများထံမှ မြန်မာနိုင်ငံစီးပွားရေး ဖွံ့ဖြိုး တိုး တက်စေရေးအတွက် ယုံကြည်မျှော်လင့်ချက်များ မြန်မာနိုင်ငံတွင် စီးပွား ရေးဝန်းကျင်တိုးတက်ကောင်းမွန်စေရေးအတွက် ဆောင်ရွက်နေ သည့် လုပ်ငန်းများ၊ မူဝါဒများ ကို ဆွေးနွေးေ ဟာေြ ပာ သွားမည်ဖြစ်သည်။အဆိုပါMyanmar Symposium  သို့ ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ ဦးဝင်းအောင်နှင့်  လုပ်ငန်းရှင်များအဖွဲ့လည်း တက်ရောက်မည်ဖြစ် ကြောင်းသိရှိရပါသည်။မြန်မာSymposium ကို အိုဆာကာတွင် ကျင်းပနိုင်ရေးအတွက် အိုဆာကာဒေသအစိုးရ၊ အိုဆာကာ ကုန်သွယ်ေ  ရးနှင့် စက်မှုလက်မှုဖောင် ဒေးရှင်းတို့မှ ပူးပေါင်းစီစဉ်ခဲ့ကြခြင်းဖြစ်ပြီး အိုဆာကာ ကုန်သည်စက်မှု အသင်းနှင့် ဂျပန်ပြည်ပကုန်သွယ်ရေးအဖွဲ့အစည်းတို့မှ ပံ့ပိုး ကူညီကြ ကြောင်းလည်း သိရှိရသည်။ ၎င်း မြန်မာSymposium သို့ ကန်ဆိုင်း ဒေသ စီးပွားရေးအသင်းချုပ်၊Resona Foundation for Asia and Oceania  နှင့် ဂျပန်ပြည်ပကုန်သွယ်ရေး အဖွဲ့အစည်းမှ အသင်း ဝင် စုစု ပေါင်း ၃၀၀ ခန့် တက်ရောက်ကြမည်ဖြစ်ကြောင်းလည်း သိရှိရသည်။

မင်းဇော်ဦး၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ တိုကျိုမြို့