မြန်မာနိုင်ငံတွင် လျင်မြန်စွာ ရင်းနှီးမြှုပ်နှံကြရန် ထိုင်းလုပ်ငန်းရှင်များအားတိုက်တွန်း

ထိုင်းလုပ်ငန်းရှင်များအနေဖြင့် မြန်မာနိုင်ငံ၏ တိုးတက်လာမည့် အလားအလာကောင်းများကို အသုံးချ သင့်သည်ဟု စီးပွားရေးကို ဦးဆောင်နေ သူများက တိုက်တွန်းလျက် ရှိကြောင်း ၊ မြန်မာနိုင်ငံအနေဖြင့် အခြားသော           နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကိုလည်း  ကြိုဆိုလျက်ရှိရာ ယှဉ်ပြိုင်မှုသည် အလွန်မြင့်မားလျက်ရှိကြောင်း၊ သို့ဖြစ်ရာ ထိုင်းစီးပွားရေးလုပ်ငန်းများ အနေဖြင့် မြန်မာနိုင်ငံ၌ စီးပွားရေး လုပ်ငန်းများလွယ်ကူစွာ ဆောင်ရွက်နိုင် ရန် အတွက် မြန်မာနိုင်ငံအတွင်းမှ လုပ်ငန်းတူစီးပွားဖက်များအား ရှာဖွေ ခြင်းဖြင့် စတင်ရန် တိုက်တွန်းလျက် ရှိ ကြောင်း သိရသည်။
မြန်မာနိုင်ငံအနေဖြင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများအား ရင်းနှီးမြှုပ်နှံ ခွင့်ပေးထားသော်လည်း ဥပဒေများနှင့် စည်းမျဉ်းစည်းကမ်းများသည် အချိန် မရွေးပြောင်းလဲနိုင်ကြောင်း၊ သို့ဖြစ် ရာ ရ င်းနှီးမြှုပ်နှံသူများအနေဖြင့် မြန်မာ နိုင်ငံ၏ စီးပွားရေးနှင့်နိုင်ငံရေး အခြေ အနေပြောင်းလဲမှုများကို သိရှိနားလည် စေရန်အတွက် မြန်မာနိုင်ငံသား စီးပွား ဖက်များရရှိထားရန် လိုအပ်ကြောင်း ထိုင်း-မြန်မာ စီးပွားရေး ကောင်စီဥက္ကဋ္ဌ မစ္စတာပါနီတန်က  ပြောကြားခဲ့ပါ သည်။မြန်မာနိုင်ငံအတွင်း နှစ်စဉ် သံမဏိသုံးစွဲမှုသည် နည်းပါးနေဆဲဖြစ် ပြီး တစ်နှစ်လျှင်တန်ချိန်နှစ်သန်းသုံး သန်းသာသုံးစွဲကြောင်း၊ သို့ရာတွင် အခြေခံအဆောက်အအုံ စီမံကိန်းများ နှင့်တည်ဆောက်ရေးလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှု အရှိန်မြင့်လာခြင်းနှင့် အတူ ဆောက်လုပ်ရေးလုပ်ငန်းသုံး သံမဏိဝယ်လိုအား သိသိသာသာ မြင့် တက်လာမည့် အရိပ်လက္ခဏာ ရှိနေ ကြောင်းလည်း ၎င်းင်းကပြောကြားခဲ့ပါ သည်။
မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် ထိုင်းစီးပွားရေး လုပ်ငန်းရှင်များ၏ ဆုံးဖြတ်ချက်နှေးကွေးမှုကြောင့် ထိုင်း နိုင်ငံသည် မြန်မာနိုင်ငံ၏ ဒုတိယအများ ဆုံးရင်းနှီးမြှုပ်နှံသူအဆင့်မှ ဆဋ္ဌမ အဆင့် သို့လျော့ကျသွားခဲ့သည်။Millcon Steel Plcကုမ္ပဏီသည် မြန်မာနိုင်ငံရှိ များစွာသော အခြေခံ အဆောက် အအုံစီမံကိန်းများကြောင့် မြင့်တက်လာသည့် လိုအပ်ချက်ကို ဖြည့်စွမ်းပေး ရန် မြန် မာနိုင်ငံ၌ စက်ရုံ များတည်ထောင်၍ ရင်းနှီးမြှုပ်နှံခြင်း မပြုမီ ဒေသခံစီးပွားဖက်ကို ရှာဖွေခဲ့ ကြောင်း၊  Millcon Steel Plc သည် သီလဝါအထူးစီးပွားရေးဇုန်၌ (မတည် ရင်းနှီးငွေ) အမေရိကန်ဒေါ်လာ ၁၅ သန်းဖြင့် ဖက်စပ်ကုမ္ပဏီ တည်ထောင်ခဲ့ ကြောင်း၊ ရင်းနှီးမြှုပ်နှံမှုအတွက် အဆင် သင့်ဖြစ်စေရန် လိုအပ်သောအခြေခံ အဆောက်အအုံများ တည်ဆောက် ပြီး ဖြစ်ေ ကြာင်းဥက္ကဋ္ဌနှငCEO ဖြစ်သူMr.Sittichai  ကပြောကြားခဲ့ပါသည်။
အဆိုပါ ဖက်စပ်ကုမ္ပဏီတွင် Millcon Steel Plc  က၄၅ ရာခိုင်နှုန်း၊Thai General Engineering Con-struction Plc က၄၅ ရာခိုင်နှုန်းနှင့် ပြည် တွင်းစီးပွားဖက်က ၁၀ ရာခိုင်နှုန်း အသီး သီးပိုင်ဆိုင်ကြကြောင်း သိရှိရပါသည်။