စင်ကာပူဘဏ်များအတွက် စိန်ခေါ်မှုအသစ်ရှိ

    အခွန်အကောက်ဆိုင်ရာ သတင်းအချက်အလက်မျှ ဝေဖို့ ကမ္ဘာ့လှုပ်ရှားမှုရဲ့ ဖိအားပေးမှုကို  စင်ကာပူအခြေစိုက် ဥစ္စာဓနမန်နေဂျာများ (Wealth Managers) ခံထားရပြီးဖြစ်ပါတယ်။ ယခုအခါမှာ အင်ဒိုနီးရှားနဲ့ အိန္ဒိယအပါအ ဝင် အာရှနိုင်ငံတွေက အခွန်အကောက်သက်သာတဲ့ စင်ကာပူနိုင်ငံအတွင်းမှာရှိတဲ့ ကြေညာခြင်းမရှိတဲ့ငွေကြေးတွေကို ခြေရာခံဖို့ ကြိုးစားလျက်ရှိနေတဲ့အတွက် လတ်တလောခြိမ်းခြောက်မှုကို ရင်ဆိုင်တွေ့ကြုံနေရကြောင်း  ရိုက် တာသတင်းမှာ ဖော်ပြထားပါတယ်။
     ၂၀၀၈ ခုနှစ်ဘဏ္ဍာရေး အကျပ်အတည်းကာလအတွင်းကလည်း  အခွန်တိမ်းရှောင်မှုကို ကမ္ဘာ့အတိုင်းအတာအရ ဖြိုခွင်းမှု ရှိခဲ့ပါတယ်။ ဒီလိုဖြိုခွင်းမှုကြောင့် ဆွစ်ဇာလန်နဲ့ ဥရောပဘဏ်တွေက သူတို့တန်ဖိုးထားလှတဲ့ ဘဏ် လျှို့ဝှက်လုံခြုံရေးကို စွန့်လွှတ်ခဲ့ရပါတယ်။ အခွန်တိမ်းရှောင်မှုကို တိုက်ဖျက်ဖို့အတွက် နိုင်ငံပေါင်း ၅၁ နိုင်ငံတို့ လက်မှတ်ရေးထိုးခဲ့တဲ့ သဘောတူညီချက်အရ စင်ကာပူနိုင်ငံကလည်း ၂၀၁၈ ခုနှစ်ကစပြီး နိုင်ငံခြားအခွန်အကောက် အရာရှိတွေနဲ့အတူ ဘဏ်လုပ်ငန်းဆိုင်ရာ သတင်းအချက်အလက်မျှဝေပေးဖို့ ကတိကဝတ်ပြုထားပါတယ်။ ဒါပေမယ့် စင်ကာပူဘဏ်တွေက လတ်တလောစိန်ခေါ်မှုတွေကို ရင်ဆိုင်နေရပါတယ်။ စင်ကာပူမှာရှိတဲ့ အပ်နှံငွေရဲ့ အဓိ က အရင်းအမြစ်က အင်ဒိုနီးရှားနိုင်ငံက ဖြစ်ပါတယ်။ယခု အခါ အင်ဒိုနီးရှားနိုင်ငံအနေနဲ့ နိုင်ငံခြားမှာရှိတဲ့ငွေတွေကို အင်ဒိုနီးရှားနိုင်ငံသို့ ပြန်ပို့ပါက  အခွန်လွတ်ငြိမ်းခွင့်ပေးဖို့ စဉ်းစားလျက်ရှိပါတယ်။ အင်ဒိုနီးရှား နိုင်ငံသားတွေ စင်ကာပူမှာ အပ်နှံထားတဲ့ငွေက အမေရိကန်ဒေါ်လာ ၂၂၅ ဘီလီယံ ရှိကြောင်း အင်ဒိုနီးရှားအစိုးရက ပြောပါတယ်။