ထိုင်းဘွဲ့ရတွေရဲ့ လူမှုရေးနားလည်ကျွမ်းကျင်မှုက ကူးသန်းရောင်းဝယ်ရေးအပေါ် ဂယက်ရိုက်ခတ်မှု မြင့်မား

ဂလိုဘယ်လိုက်ဇေးရှင်းခေါ် ကမ္ဘာတစ်ဝန်းလွှမ်းခြုံဖြစ်ပေါ်မှု အရှိန်အဟုန် မြင့်မားလာပြီး ဖွဲ့စည်းတည်ဆောက်မှုဆိုင်ရာ   အပြောင်းအလဲများဖြစ်ပေါ်နေ တဲ့အတွက် လူမှုရေးနားလည်ကျွမ်းကျင်မှု(Soft Skill)  ရှိတဲ့ ဘွဲ့ရတွေရဲ့ အခန်း ကဏ္ဍက အရေးပါလာတယ်လို့  စီးပွားရေးလုပ်ငန်းခေါင်းဆောင်များနဲ့ လူ့အရင်း အမြစ်ဆိုင်ရာ ဒါရိုက်တာ ၉၀ ရာခိုင်နှုန်းက ယုံကြည်နေကြောင်း ကမ္ဘာ့စီမံ ခန့်ခွဲမှု အတိုင်ပင်ခံကုမ္ပဏီ Hay Group ရဲ့ပြောကြားချက်ကို ကိုးကားပြီး နေးရှင်း သတင်းမှာ ဖော်ပြပါတယ်။ပြည်သူ့ဆက်ဆံရေးကို ခိုင်ခိုင်မာမာ  နားလည်တဲ့ ဝန်ထမ်းတွေက  ကူး သန်းရောင်းဝယ်ရေးဆိုင်ရာ  ဂယက်ရိုက်ခတ်မှုကို ပိုမိုဖြစ်ပေါ်စေကြောင်း   ယုံကြည်သူမှာ ၁၀ ဦးတွင် ကိုးဦးရှိပြီး ပြည်သူ့ဆက်ဆံရေးနဲ့ဆိုင်တဲ့ သဘောထား အယူအဆရှိသူတွေက အလွန်တန်ဖိုးရှိတယ်လို့ လက်ခံယုံကြည်သူက  ၈၈ ရာခိုင် နှုန်းရှိပါတယ်။   ဘွဲ့ရတွေက မိမိကိုယ်ကိုသိမြင် နားလည်မှု၊ ကိုယ့်ကိုယ်ကို  ထိန်း ချုပ်နိုင်မှု  အဖွဲ့လိုက်ဆောင်ရွက်မှုနဲ့   စာနာစိတ်ရှိမှုတွေမှာ စီနီယာမန်နေဂျာတွေနီးပါး လောက်ရှိကြောင်း ှHay Groupစ  ဌာနခွဲ   တစ်ခုဖြစ်တဲ့Talent Q က ကမ္ဘာတစ်ဝန်း ရှိဝန်ထမ်းပေါင်းလေးသောင်းကျော် ကို လေ့လာ ဆန်းစစ်ပြီးနောက် ပြောကြားပါ တယ်။ပညာရေးစနစ်မှာ ကွဲပြားခြားနားမှုတွေရှိပေမယ့် ကမ္ဘာ့တစ်လွှားမှာရှိတဲ့ ဘွဲ့ရတွေရဲ့ ယေဘုယျအသိအÓဏ်အဆင့်နဲ့ လူမှုရေးနားလည်ကျွမ်းကျင်မှု အလားအလာတွေ ကတော့ တော်ေ တာ်လေး တူညီ တယ်လို့ ဆိုပါတယ်။ ဘွဲ့ရတွေ မှာ အလားအလာကောင်းတွေရှိနေပေမယ့် လုပ်ငန်းခွင်ထဲကိုဝင်နိုင်ဖို့ အသင့် မဖြစ်သေးကြောင်း တုံ့ပြန်ဖြေကြားသူရဲ့ ၇၅ ရာခိုင်နှုန်းက ပြောပါတယ်။လိုအပ်တဲ့ ှHay  Group  ရှိ သူဘွဲ့ရတွေကိုရှာဖွေတဲ့အခါမှာ အခက်အခဲရှိ ကြောင်း ၈၀ ရာခိုင်နှုန်းကပြောကြားပြီး ဒီလိုဘွဲ့ရမျိုးတွေကို   လုပ်ငန်းခွင်ထဲမှာ ဆက်လက်ထိန်းထားဖို့ အခက်အခဲရှိကြောင်း ၈၆ ရာခိုင်နှုန်းက  ပြောပါတယ်။