အနီးစပ်ဆုံးကာလနှင့်ရော ယမန်နှစ်ကာလတူထက်ပါ တမူးနယ်စပ်မှကုန်သွယ်မှုပိုမို

   တမူးနယ်စပ်ကုန်သွယ်ရေးစခန်းသည် ဖေဖော်ဝါရီလတွင် ပို့ကုန် ကန်ဒေါ်လာ ၂ ဒသမ ၃၉၇ သန်း သွင်းကုန်ကန်ဒေါ်လာ သုည ဒသမ ၉၁၀၊ ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ ၃ ဒသမ ၃၀၇ သန်းဆောင်ရွက်နိုင်ခဲ့ပါတယ်။ အနီးစပ်ဆုံးကာလဖြစ်တဲ့ ဇန်နဝါရီလနဲ့ နှိုင်းယှဉ်ပါက ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ သုည ဒသမ ၃၁၅ သန်းခန့်၊ ယမန်နှစ်ကာလ တူနှင့်နှိုင်းယှဉ်ပါက ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ ၁ ဒသမ ၁၅၀ သန်းခန့် ပိုမိုဆောင်ရွက်နိုင်ခဲ့ပါတယ်။

   ယင်းသို့ပိုမိုရခြင်းမှာ တမူးနယ်စပ်ရဲ့ အဓိကပို့ကုန်ဖြစ်တဲ့ ကွမ်းသီးနဲ့ စီးကရက်တင်ပို့မှုပိုမိုလာခြင်းကြောင့်ဖြစ်တယ်လို့သိရပါတယ်။ တမူးနယ်စပ်တွင် ဖေဖော်ဝါရီလအတွင်း ITC ကတ် အသစ်ထုတ်ပေးနိုင်မှုမရှိသော်လည်း ITC နဲ့လုပ်ငန်းဆောင်ရွက်မှုအနေဖြင့် သွင်းကုန်ကျပ်သန်းပေါင်း ၅၀ ဒသမ ၈၂၈ သန်းဆောင်ရွက်နိုင်တယ်လို့သိရပါတယ်။ ITC ကတ် နဲ့တင်သွင်းခဲ့တဲ့ သွင်းကုန်ပစ္စည်းများကတော့ ချည်ခင်၊ နိုင်လွန်ချည်၊ ရွှေရည်စိမ် လက်ကောက်၊ ပလတ်စတစ်လက်ကောက်၊ ဖန်စီပစ္စည်းမျိုးစုံနဲ့ ဖိနပ်မျိုးစုံတို့တင်သွင်းနိုင်ခဲ့ပါတယ်။

ခင်မိုးသူ MIRT (DCCA)