အိန္ဒိယနိုင်ငံမှ မြေပဲတင်သွင်းမှုကို ဗီယက်နမ်နိုင်ငံက ဆိုင်းငံ့ထား

   အိန္ဒိယနိုင်ငံမှ ဗီယက်နမ်နိုင်ငံသို့ မြေပဲတင်သွင်းခြင်း အား ဖေဖော်ဝါရီ ၆ ရက်မှစ၍ တရားဝင်ဆိုင်းငံ့ထားလိုက်ကြောင်း Vietramnet အွန်လိုင်းသတင်းမှာဖော်ပြထားပါ တယ်။

   အပင်များကို ပျက်စီးစေနိုင်တဲ့ထိ အန္တရာယ်ဖြစ်စေနိုင်တဲ့ အုပ်စု (၁) စာရင်းဝင် Caryedon Serratus Oliver တစ်မျိုးဟာ မြေပဲများမှာသာကျရောက်လေ့ရှိပြီး ဗီယက်နမ်နိုင်ငံ မှာ ထိုပိုးမျိုးမရှိပါဘူး။ ဇန်နဝါရီလအစောပိုင်းက အပင်ပိုးမွှား သန့်ရှင်းရေးဌာန(၁) Department of Plant   Quarantine 1  မှ ဒါရိုက်တာ Vu Van Huong က သူရဲ့ဝန်ထမ်း များဟာ Hai Phong ဆိပ်ကမ်းကို ဆိုက်ရောက်လာတဲ့ မြေပဲ တန် ၇၀၀ နီး ပါးမှာ Caryedon Serratus Oliver ကို စစ်ဆေးတွေ့ရှိရကြောင်းပြောကြားခဲ့ပါတယ်။

   အပင်ပိုးမွှား  ကာကွယ်ရေးဌာန (Plant Protection Department) အားစနစ်တကျစစ်ဆေးပေးရန် အရေးကြီး ကိစ္စရပ်အနေနဲ့တောင်းဆိုထားပါတယ်။ သက်ဆိုင်ရာ အိန္ဒိ ယ အေဂျင်စီများကို အကြောင်းကြားထားပြီးဖြစ်သလို အမြန်ဆုံးဖြေရှင်းပေးရန်လည်း အသိပေးထားပြီးဖြစ်ပါတယ်။

  အိန္ဒိယဆက်စပ်ကုမ္ပဏီများကို အကြောင်းကြားပြီး အဆိုပါကိစ္စနဲ့ပတ်သက်၍ အမြန်ဆုံး(ချက်ချင်း) ဖြေရှင်းပေးရန် အကြောင်းကြားထားပြီးဖြစ်ပါတယ်။ အပင်ပိုးမွှားကာ ကွယ်ရေးဌာနအနေနဲ့ ကြိမ်ဖန်မှုများစွာ စစ်ဆေးပြီးနောက် အိန္ဒိယပို့ကုန်များကိုလည်း အကြောင်းကြားထားပြီးဖြစ်တယ်လို့သတင်းရရှိပါတယ်။

CMK