ကိုရီးယားနိုင်ငံ၏ ပြည်တွင်းကားအရောင်းစံချိန် ၂ ရာခိုင်နှုန်းတိုးနိုင်

   လာမည့်နှစ်တွင် ကိုရီးယားနိုင်ငံသည် ပြည်တွင်း၌ ကားအရောင်းစံချိန် ၂ ရာခိုင်နှုန်းတိုး၍ ကားအစီးရေ ၁ç၆၅၅ç၀၀၀ စီးခန့် ရောင်းချသွားနိုင်မည်ဟုခန့်မှန်းထားသည်။ ကိုရီးယားပြည်တွင်းကားဈေးကွက်တွင် နေရာယူလာသောတင်သွင်းလာသည့် နိုင်ငံခြားကားများ၏ အရောင်းစံချိန်သည်လည်း နောင်နှစ်တွင်လျော့နည်းသွားဖွယ်မရှိဘဲ ကား အစီးရေ ၂၂၅ç၀၀၀ စီးခန့်ရောင်းရနိုင်သည်ဟု နိုဝင်ဘာ ၂၃ရက်နေ့က ုKorea Automotive Research Institute ၏ ခန့်မှန်းချက်ကို 2015 Car Market Outlook တွင် ဖော်ပြထားခဲ့သည်။

   လာမည့်နှစ်တွင်  တိုး၍ရောင်းချရလာနိုင်သည့် ပြည်တွင်းထုတ်မော်တော်ယာဉ်အရေအတွက် ၁,၆၅၅,၀၀၀ စီးသည် ၁၉၉၆ ခုနှစ်က စံချိန်တင် ရောင်းချခဲ့ရသော ကားစီးရေ ၁,၆၄၆,၀၀၀ စီးအားစံချိန်ချိုးသွားနိုင်သည်။ ကားအရောင်းစံချိန်များတက်လာနိုင်သည့် အကြောင်းအရင်းမှာ small SUV ကားများ၊ ကားလတ်များ ဈေးကွက်အတွင်းပေါများ လာခြင်းနှင့် ကားမော်ဒယ်ဟောင်းများကိုမော်ဒယ်သစ်များနှင့်လဲ၍ စီးလာကြခြင်းကြောင့်ဖြစ်သည်။ အခြားအကြောင်းတစ်ချက်မှာ ပြည်တွင်းထုတ်ကားများ ပြည်ပသို့ပိုမိုတင်ပို့ လာခဲ့ခြင်းကြောင့်လည်းဖြစ်သည်။ သို့သော် ပြည်တွင်းဈေးကွက်အတွင်း အခြားဆုတ်ယုတ်နိုင်သည့် အချက်များဖြစ်သည့် အတိုးနှုန်းများနေခြင်းနှင့် အိမ်ရာချေးငွေများတိုး လာခြင်းတို့လည်းရှိနေသေးသည်။

သန့်ဇင်၊ စီးပွားရေးသံမှူး၊

မြန်မာသံရုံး၊ ဆိုးလ်မြို့