ကုန်သွယ်မှုညွှန်းကိန်း ကျဆင်းလာသည်နှင့်အမျှ ကုန်စည်ကုန်သွယ်မှု တိုးတက်မှုသည် သက်မှတ်ချက်အောက် ကျဆင်းမည်ဟုခန့်မှန်း

 

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ၏ နောက်ဆုံးထုတ်ပြန်ချက်အရ ၂၀၂၅ ခုနှစ်၊ ဒုတိယနှစ်ဝက်တွင် ကုန်စည်ကုန်သွယ်မှု တိုးတက်နှုန်း နှေးကွေးလာခြင်းကြောင်း အကောက်ခွန်တိုးမြှင့်မှုများ မတိုင်မီ သွင်းကုန်များကို ကြိုတင်တင်သွင်းခြင်းနှင့် AI နည်းပညာဆိုင်ရာ ဆက်စပ်ထုတ်ကုန်များအပေါ် ပထမနှစ်ဝက်တွင် ဝယ်လိုအား မြင့်တက်လာခဲ့သည်။

အောက်ဖော်ပြပါဇယားတွင် အပြာရောင်မျဉ်းဖြင့် ဖော်ပြထားသော အညွှန်းကိန်းသည် စက်တင်ဘာလအတွင်း ၁၀၁.၈ သို့ ကျဆင်းခဲ့ပြီး ဇွန်လတွင် ၁၀၂.၂ မှ ကျဆင်းခဲ့ပါသည်။ ဒုတိယသုံးလပတ်အတွင်း ကုန်စည်ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်မှုများကို ကိုယ်စားပြုသည့် သုံးလပတ်ကုန်သွယ်မှုပမာဏ ညွှန်းကိန်းသည် (အနက်ရောင်မျဉ်း) အောက်တွင် ရှိနေသည်။ ပုံမှန်အားဖြင့် နှစ်လမှ သုံးလအထိ ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်မှုများကို ခန့်မှန်းထားသည့် ကုန်သွယ်မှုညွှန်းကိန်းသည် ၎င်း၏ အခြေခံတန်ဖိုး ၁၀၀ အထက်တွင် ရှိနေသောကြောင့် စတုတ္ထသုံးလပတ်တွင် ကုန်သွယ်မှုပမာဏသည် ပိုမိုလျော့နည်းစွာ တိုးတက်လာနိုင်သော်လည်း လမ်းကြောင်းအထက်တွင် ရှိနေမည်ဟု အကြံပြုထားသည်။

ကုန်စည်ကုန်သွယ်မှုညွှန်းကိန်းသည် ကမ္ဘာ့ကုန်သွယ်မှုအတွက် ညွှန်းကိန်းတစ်ခုဖြစ်ပြီး လက်တလော ကုန်သွယ်မှုအလားအလာနှင့် နှိုင်းယှဉ်ပါက ကုန်စည်ရောင်းဝယ်မှု ဦးတည်ရာကို အချိန်နှင့်တပြေးညီ အချက်အလက်များကို ထုတ်ပြန်ပေးပါသည်။ ကုန်သွယ်မှုညွှန်းကိန်းတန်ဖိုးများ ၁၀၀ ထက်ကျော်လွန်နေပါက ကုန်သွယ်မှုပမာဏတိုးလာပြီး ကုန်သွယ်မှုညွှန်းကိန်းတန်ဖိုးများ ၁၀၀ အောက် လျော့နည်းနေပါက ကုန်သွယ်မှုပမာဏ ကျဆင်းသွားမည်ဟု ညွှန်ပြသည်။

ကုန်သွယ်မှုညွှန်းကိန်း အခြေခံတန်ဖိုး ၁၀၀ အထက်တွင် ရှိနေပြီး စိုက်ပျိုးရေးကဏ္ဍတွင် ၉၈.၀ သာ ရှိပြီး တသမတ်တည်း ကျဆင်းနေသည်ကိုတွေ့သည်။ လေကြောင်းကုန်စည်ပို့ဆောင်ရေး (၁၀၂.၇) နှင့် ကွန်တိန်နာသင်္ဘောပို့ဆောင်ရေး (၁၀၁.၇) အတွက် ညွှန်းကိန်းများသည် ပြီးခဲ့သည့် သုံးလအတွင်း ၎င်းတို့၏ တန်ဖိုးများကျဆင်းသွားပြီး ကမ္ဘာတစ်ဝှမ်းရှိ ကုန်စည်သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ အရှိန်လျော့နည်းလာကြောင်း ညွှန်ပြနေသည်။ တစ်ချိန်တည်းမှာပင် မော်တော်ကားထုတ်ကုန်များ (၁၀၃.၀) နှင့် အီလက်ထရွန်းနစ်အစိတ်အပိုင်းများ (၁၀၂.၀) အတွက် ညွှန်းကိန်းများသည် မပြောင်းလဲဘဲ ပုံသေရှိနေခဲ့သည်။

၂၀၂၅ ခုနှစ် ပထမနှစ်ဝက်အတွင်း ကုန်စည်ကုန်သွယ်မှုသည် မျှော်မှန်းထားသည်ထက် ပိုမိုတိုးတက်ပြီး ယခင်နှစ်ထက် ၄.၉ % မြင့်တက်လာခဲ့သည်။ သိုသော် အကောက်ခွန်နှုန်းထားများ မြင့်တက်လာမှုနှင့် ကုန်သွယ်ရေးမူဝါဒဆိုင်ရာ မသေချာမှုတို့ကြောင် ဒုတိယနှစ်ဝက်တွင် စီးပွားရေးတိုးတက်မှုနှုန်း နှေးကွေးလာခဲ့သည်။ AI နှင့်ဆက်စပ်သော ထုတ်ကုန်များအတွက် ဝယ်လိုအား ဆက်လက်တိုးနေပါက ကုန်စည်ကုန်သွယ်မှု သိသိသာသာ မြင့်တက်နိုင်သည့် အလားအလာရှိသည်။ 

ရင်းမြစ်။   https://www.wto.org/