၂၀၂၁-၂၀၂၅ ခုနှစ်အတွင်း တရုတ်နိုင်ငံ၏ နိုင်ငံတကာကုန်သွယ်ရေးကဏ္ဍသည် အရည်အသွေးမြင့်မားပြီး ရေရှည်တည်တံ့သော တိုးတက်မှုရရှိခဲ့

 

တရုတ်နိုင်ငံ၊ အကောက်ခွန်အုပ်ချုပ်ရေးအဖွဲ့ (GAC) က တရုတ်နိုင်ငံသည် ၁၄ ကြိမ်မြောက်၊ ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ ၅ နှစ်တာ စီမံကိန်းကာလအတွင်း ကမ္ဘာ့နိုင်ငံပေါင်း ၁၅၇ နိုင်ငံ၏ ထိပ်တန်း ကုန်သွယ်ဖက်နိုင်ငံ ၃ ခုထဲတွင် ပါဝင်သည်ဟု ပြောကြားခဲ့ပါသည်။

တရုတ်နိုင်ငံ၏ ကုန်သွယ်မှုများကို ပြန်လည်သုံးသပ်သည့် သတင်းစာရှင်းလင်းပွဲတွင် တရုတ် အကောက်ခွန်အာဏာပိုင်များနှင့် နိုင်ငံခြားအဖွဲ့အစည်းများအကြား ပူးပေါင်ဆောင်ရွက်မှု စာချုပ်စာတမ်း စုစုပေါင်း ၅၁၉ ခုကို လက်မှတ်ရေးထိုးခဲ့ပြီး ၎င်းသည် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု တိုးတက်လာနေသည်ကို ရောင်ပြန်ဟပ်ကြောင်း၊ တရုတ်အကောက်ခွန်သည် တစ်နှစ်လျှင် ပျမ်းမျှ ပို့ကုန်၊ သွင်းကုန် တန်ချိန် ၅.၂ ဘီလီယံခန့် (ယွမ် ၄၁.၅ ထရီလီယံ နှင့် အမေရိကန်ဒေါ်လာ ၅.၇၉ ထရီလီယံ) ကို ကြီးကြပ်ကွပ်ကဲခဲ့ပြီး ပို့ကုန်သွင်းကုန် ထောက်ပံ့ရေးကွင်းဆက်တစ်လျှောက် ဘေးကင်းလုံခြုံမှု၊ တည်ငြိမ်မှုနှင့် ထိန်းချုပ်နိုင်မှုတို့ကို သေချာစေလျက် တရုတ်နိုင်ငံအား ကမ္ဘာ့အကြီးဆုံး ကုန်သွယ်ရေးနိုင်ငံအဖြစ် ရပ်တည်စေခဲ့ကြောင်း GAC အကောက်ခွန်အရာရှိ Sun Meijun က ပြောကြားခဲ့ပါသည်။

၂၀၂၄ ခုနှစ်တွင် တရုတ်နိုင်ငံ ပိုးလမ်းမစီမံကိန်း၏ မိတ်ဖက်နိုင်ငံများနှင့် ကုန်သွယ်မှုပမာဏသည် ယွမ်ငွေ ၂၂ ထရီလီယံအထိ ရောက်ရှိခဲ့ပြီး နိုင်ငံခြားကုန်သွယ်မှုပမာဏ၏ ထက်ဝက်ကျော် ရှိခဲ့ပါသည်။ အာဆီယံ၊ လက်တင်အမေရိက၊ အာဖရိကနှင့် အလယ်အာရှအပါအဝင် တိုးတက်လာသော စီးပွားရေးဈေးကွက်များနှင့် ကုန်သွယ်မှုပမာဏသည် ၁၀ % ကျော် တိုးတက်လာခဲ့ပါသည်။

ထပ်မံ၍ အကောက်ခွန်အရာရှိ Sun Meijun က နယ်စပ်ဖြတ်ကျော် အီလက်ထရောနစ်နည်းလမ်းဖြင့် ကူးသန်းရောင်းဝယ်ရေး၊ ပင်လယ်ရပ်ခြား သိုလှောင်ရုံများနှင့် "bonded-plus" လုပ်ငန်းစသည့် စီးပွားရေးလုပ်ငန်းပုံစံသစ်များအတွက် စည်းမျဉ်းစည်းကမ်းဆိုင်ရာ ဆန်းသစ်တီထွင်ပေါင်းစပ်မှုများကို မြှင့်တင်ပေးခဲ့ပါသည်။ အဆိုပါ အစီအမံများသည် နိုင်ငံခြားကုန်သွယ်မှုအတွက် မောင်းနှင်အား အသစ်များကို အရှိန်မြှင့်တင်ပေးခဲ့ပြီး ကမ္ဘာ့စက်မှုလုပ်ငန်းများနှင့် ထောက်ပံ့ရေးကွင်းဆက်များ၏ လုံခြုံရေးနှင့် တည်ငြိမ်မှုကို အားကောင်းစေခဲ့ပါသည်။

ထို့အပြင် ပို့ကုန်များသည် ဆန်းသစ်တီထွင်မှုများကြောင့် အဆက်မပြတ်တိုးတက်လျက်ရှိပြီး "ကုန်စည် အသစ်သုံးမျိုး" ဟုခေါ်သော လျှပ်စစ်မော်တော်ယာဉ်များ၊ Lithium – Ion     ဘက်တ္ထရီများနှင့် နေရောင်ခြည်စွမ်းအင်သုံး ထုတ်ကုန်များ၏ ၂၀၂၄ ခုနှစ် တင်ပို့မှုပမာဏသည် ၂၀၂၀ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၂.၆ ဆ မြင့်တက်လာခဲ့ပါသည်။

အဆိုပါ ကာလအတွင်း သွင်းကုန်အရင်းအမြစ်များသည်လည်း ပိုမိုများပြားလာခဲ့ပြီး နောက်ထပ်နိုင်ငံနှင့်ဒေသ အသစ် ၈၁ ခုမှ စိုက်ပျိုးရေးနှင့် စားသောက်ကုန်အမျိုးအစား ၂၇၁ မျိုးကို စျေးကွက်ဝင်ရောက်ခွင့် ခွင့်ပြုခဲ့ပါသည်။ ယခုအခါ လူသုံးကုန်ပစ္စည်းများ၊ အဆင့်မြင့်စက်ကိရိယာများနှင့် အရေးကြီး အစိတ်အပိုင်းများကိုလည်း ကမ္ဘာတစ်ဝန်းရှိ အရင်းအမြစ်များမှ ပိုမိုတင်သွင်းလာနိုင်ခဲ့ပါသည်။

တရုတ်နိုင်ငံ၏ နိုင်ငံတကာကုန်သွယ်မှုမှာ ဒေသအလိုက် တိုးတက်ကောင်းမွန်လာခဲ့ပြီး အရှေ့ပိုင်းနှင့် ကမ်းရိုးတန်း ပြည်နယ်များသည် တင်ပို့မှုပမာဏကို တည်ငြိမ်အောင်ထိန်းထားနိုင်သော်လည်း အလယ်ပိုင်းနှင့် အနောက်ပိုင်းဒေသများ၌ နှစ်စဉ်ပျမ်းမျှ ၇.၉ % တိုးတက်လာခဲ့ပါသည်။

၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း တရုတ်နိုင်ငံသည် ပင်လယ်ဆိပ်ကမ်း ၄၀ ကို ပြန်လည်မွမ်းမံခဲ့ခြင်း သို့မဟုတ် ချဲ့ထွင်ခဲ့ခြင်းတို့ကို ပြုလုပ်ခဲ့ပြီး စုစုပေါင်းပင်လယ်ဆိပ်ကမ်း ၃၁၁ ခုအထိ တိုးမြင့်လာနိုင် ခဲ့ပါသည်။ အဆိုပါ ဖွံ့ဖြိုးတိုးတက်မှုသည် မြေ၊ ပင်လယ်နှင့် လေကြောင်းတို့ကို ဖြတ်သန်းကာ အရှေ့၊ အလယ်ပိုင်းနှင့် အနောက်ဒေသများကို ဘက်ပေါင်းစုံမှ ချိတ်ဆက်ထားသည့် ဆိပ်ကမ်းတစ်ခုကို တည်ဆောက်နိုင်ခဲ့ပါသည်။

ရင်းမြစ်။        https://www.globaltimes.cn/page/202508/1341660.shtml