ထရမ့်၏ အကောက်ခွန်စည်းကြပ်ခွန်မှ သက်သာခွင့်ရရန် ဗီယက်နမ် - အမေရိကန် ကုန်သွယ်ရေး ဆွေးနွေးပွဲများ စတင်

 

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ကြေညာထားသည့် အကောက်ခွန် ၄၆ % ကို ရှောင်လွှဲနိုင်ရန် ဗီယက်နမ်-အမေရိကန် ကုန်သွယ်ရေး ဆွေးနွေးပွဲများ စတင်ပြီဖြစ်ကြောင်း၊ ဗီယက်နမ် စက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီး Nguyen Hong Dien နှင့် အမေရိကန် ကုန်သွယ်ရေးဝန်ကြီး Jamieson L Greer တို့သည် နှစ်နိုင်ငံ စီးပွားရေးနှင့် ကုန်သွယ်မှုဆိုင်ရာကိစ္စရပ်များ စေ့စပ်ညှိနှိုင်းရန် ဖုန်းဖြင့် စတင်နေပြီဖြစ်ကြောင်း ဗီယက်နမ်အစိုးရက ပြောကြားခဲ့ပါသည်။

ဗီယက်နမ် စက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီးက ဗီယက်နမ်သည် အမေရိကန်နှင့် ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို စတင်သွား မည်ဖြစ်ပြီး မျှတ၊ တည်ငြိမ်၊ ရေရှည်တည်တံ့ပြီး ထိရောက်မည့် နည်းလမ်းဖြင့် စီးပွားရေးနှင့် ကုန်သွယ်မှုဆက်ဆံရေးကို မြှင့်တင်သွားမည်ဖြစ်ကြောင်း၊ အမေရိကန်မှ စိတ်ပါဝင်စားသောကိစ္စများကို နှစ်ဖက်အကျိုးရှိစေရန် ဗီယက်နမ် ဝန်ကြီးဌာနများနှင့် အေဂျင်စီများက ညှိနှိုင်းရန်အသင့်ရှိကြောင်း၊ နှစ်ဦးနှစ်ဖက်စလုံးအတွက် အကျိုးရှိစေမည့် စီးပွားရေးနှင့် ကုန်သွယ်မှုဆက်ဆံရေးကို ရရှိရန် သင့်လျော်သောအဖြေများကို မကြာမီရရှိနိုင်မည်ဟု ယုံကြည်ကြောင်းကို ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

ဗီယက်နမ်သည် ကုန်သွယ်မှုကို အများဆုံးမှီခိုသော နိုင်ငံတစ်ခုဖြစ်ပြီး ၂၀၂၃ ခုနှစ် စာရင်းများအရ ပြည်တွင်းအသားတင်ထုတ်ကုန် (GDP) ၏  ၈၇ ကျော်သည် ပို့ကုန်ဖြစ်ကြောင်း        ကမ္ဘာ့ဘဏ်မှ သိရှိရပါသည်။

ဗီယက်နမ်ပို့ကုန်များအပေါ် ထရမ့်အခေါ် "အပြန်အလှန်" အကောက်ခွန် ၄၆ သည်   ဗီယက်နမ် ကုန်သွယ်ဖက်နိုင်ငံများ၏ အကောက်ခွန်များအနက်အမြင့်ဆုံးဖြစ်ပြီး ထရမ့်က မြင့်မားသောစည်းကြပ် အခွန်များအား ဧပြီလ ၉ ရက်နေ့မှစ၍  ရက် ၉၀ ခေတ္တရပ်နားထားမည်ဟု ကြေညာထားကြောင်း၊ ဗီယက်နမ် ပို့ကုန်များသည် အခြားနိုင်ငံများကဲ့သို့ပင် အခြေခံ အကောက်ခွန် ၁၀ မှ စတင် ကြောင်း၊ ပြီးခဲ့သည့်နှစ်က ဗီယက်နမ်သည် အမေရိကန်နှင့် ကုန်သွယ်မှုပိုငွေ ဒေါ်လာ ၁၂၃.၅ ဘီလီယံ ရှိခဲ့ပြီး တရုတ်၊ ဥရောပသမဂ္ဂနှင့် မက္ကဆီကိုပြီးလျှင် စတုတ္ထမြောက် အကြီးဆုံး  ကုန်သွယ်မှုအသာစီးရသော နိုင်ငံဖြစ်ကြောင်း ဖော်ပြထားပါသည်။

ရင်းမြစ်။ https://www.aljazeera.com/