ဆယ်စုနှစ်များစွာရပ်တန့်ခဲ့သည့် ပါကစ္စတန်-ဘင်္ဂလားဒေ့ရှ် တိုက်ရိုက်သင်္ဘောလမ်းကြောင်း ကုန်သွယ်မှု ပြန်လည်စတင်

ဆယ်စုနှစ်များစွာ ရပ်တန့်ခဲ့သည့် ပါကစ္စတန်-ဘင်္ဂလားဒေ့ရှ် တိုက်ရိုက်သင်္ဘောလမ်းကြောင်းကို ပြန်လည် စတင်နေပြီဖြစ်ကြောင်း ၊ ၁၈၂  မီတာ (၅၉၇ ပေ) ရှည် ပနားမားအလံပြ  Yuan  Xiang  Fa  Zhan  အမည်ရှိ ကွန်တိန်နာ သင်္ဘောသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်း ဆိပ်ကမ်းမှ ပါကစ္စတန်နိုင်ငံ ကရာချိ ဆိပ်ကမ်းသို့ ကုန်စည်များသယ်ဆောင်ရန် နိုဝင်ဘာ ၁၁ ရက်နေ့က ထွက်ခွာသွားပြီဖြစ်ကြောင်း နှစ်ဖက်ဆိပ်ကမ်းတာဝန်ခံများကပြောကြားခဲ့သည်။

ပါကစ္စတန် - ဘင်္ဂလားဒေ့ရှ် တိုက်ရိုက်သင်္ဘောလမ်းကြောင်းသည် ဒေသတွင်းကုန်သွယ်မှု မြှင့်တင်ရန် အဓိကခြေလှမ်းဖြစ်ကာ နှစ်ဘက်စီးပွားရေးလုပ်ငန်းများအတွက် အခွင့်အလမ်းသစ်များ ဖန်တီးပေး မည်ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်ဆိုင်ရာ ပါကစ္စတန်၊ အထူးသံတမန် Syed Ahmed Maroof က ဆိုရှယ်မီဒီယာတွင် ရေးသားခဲ့သည်။

အဆိုပါ သင်္ဘောသည်   ဘင်္ဂလားဒေ့ရှ်၏   အထည်ချုပ်လုပ်ငန်းနှင့်   အခြေခံစားသောက်ကုန်များအတွက်  ကုန်ကြမ်းများ အပါအဝင်     ပါကစ္စတန်နှင့် ယူအေအီးနိုင်ငံတို့မှ ကုန်ပစ္စည်းများကို တင်ဆောင်လာသည်ဟု စစ်တကောင်းဆိပ်ကမ်းအာဏာပိုင်များက ပြောကြားခဲ့သည်။

ဘင်္ဂလားဒေ့ရှ်သည် ကာလကြာရှည် ကျင့်သုံးခဲ့သော စစ်ဆေးမှုများနှင့် ပါကစ္စတန်၏ ကုန်ပစ္စည်းများ တင်သွင်းခွင့် ကန့်သတ်ချက်များကို စက်တင်ဘာလတွင် ဖြေလျှော့ပေးခဲ့သည်။

ပါကစ္စတန်သည် ဘင်္ဂလားဒေ့ရှ်နှင့် ကုန်သွယ်မှုမစခင်တွင် သီရိလင်္ကာ၊ မလေးရှား၊ စင်္ကာပူတို့နှင့် ကုန်သွယ်မှုများရှိခဲ့သည်။

ရင်းမြစ်၊         South China Morning Post