ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးကို တွန်းအားပေးရန် လယ်ယာထွက်ကုန်များအား ဒီဂျစ်တယ်ခြေရာခံစနစ်ဆောင်ရွက်တော့မည့် အင်ဒိုနီးရှားနိုင်ငံ

ကမ္ဘာ့ထိပ်တန်းစားအုန်းဆီတင်ပို့သည့် အင်ဒိုနီးရှားနိုင်ငံသည် အီးယူ၏သစ်တောပြုန်းတီးမှုတိုက်ဖျက်ရေး စည်းမျဉ်းအသစ်များနှင့် ရင်ဆိုင်နေရသည့် အမေရိကန်ဒေါ်လာ ၆.၅ ဘီလီယံတန်ဖိုးရှိ ကုန်စည်များကို စောင့်ကြည့်ရန် ဒစ်ဂျစ်တယ်ပလက်ဖောင်းတစ်ခုကို ဩဂုတ်လတွင် စတင်တော့မည်ဖြစ်ကြောင်း စီးပွားရေးဝန်ကြီးဌာနက ဆိုသည်။

ဇွန်  ရက်နေ့က ထုတ်ပြန်ခဲ့သော ဝန်ကြီးဌာနအဆိုအရ စားအုန်းဆီ၊ ကော်ဖီနှင့် ရော်ဘာကဲ့သို့သော လယ်ယာထွက်ကုန်ပစ္စည်းများ၏ ထောက်ပံ့ရေးကွင်းဆက်တွင် ပွင့်လင်းမြင်သာမှုကို တိုးမြှင့်ရန်နှင့် ပြည်တွင်းရေရှည်တည်တံ့မှု စံနှုန်းများအား ပိုမိုကောင်းမွန်ရေးမြှင့်တင်ရန် ရည်ရွယ်၍ ဒီဂျစ်တယ် ပလက်ဖောင်းကို ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ အီးယူက ၂၀၂၄ ခုနှစ်ကုန်တွင် ကျင့်သုံးခဲ့သည့် သစ်တောပြုန်းတီးမှု တိုက်ဖျက်ရေးစည်းမျဉ်းကြောင့် ဥရောပသို့တင်ပို့သည့် အင်ဒိုနီးရှားပို့ကုန်များအား လမ်းကြောင်း ရှာဖွေပေးရန်ဖြစ်ကြောင်း ဖော်ပြထားသည်။

ဂျကာတာ၏ ခန့်မှန်းချက်များအရ အီးယူသို့ စားအုန်းဆီ၊ ကိုကိုး၊ ကော်ဖီ၊ ရာဘာနှင့် ကျွန်းသစ်တင်ပို့မှု တန်ဖိုး ယူရို ၆ ဘီလီယံ (ကန်ဒေါ်လာ ၈.၈ ဘီလီယံ)သည် အီးယူ၏စည်းမျဉ်းကြောင့် ထိခိုက်မည်ဖြစ်ကြောင်း၊ ကုန်သွယ်မှုရှေ့ဆက်နိုင်ရေး ကုန်စည်ကုန်သွယ်မှုလမ်းကြောင်းကို ခြေရာခံစနစ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း စီးပွားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Musdhalifah Machmud က ပြောကြားခဲ့သည်။

သစ်တောပြုန်းတီးမှု တိုက်ဖျက်ရေးစည်းမျဉ်း ကျင့်သုံးခြင်းအပေါ် အင်ဒိုနီးရှား၊ အီးယူနှင့် မလေးရှားတို့သည် လာမည့်စက်တင် ဘာလတွင် တွေ့ဆုံဆွေးနွေးမည်ဖြစ်ပြီး အဆိုပါကာလမတိုင်မီ အင်ဒိုနီးရှားက ဒီဂျစ်တယ်ပလက်ဖောင်းကို ကျင့်သုံးသွားမည်ဖြစ်ပါသည်။ အီးယူ၏ စည်းမျဉ်းက အင်ဒိုနီးရှားနှင့် မလေးရှားတို့၏ စားအုန်းဆီတင်ပို့မှုအပေါ် ခွဲခြားဆက်ဆံနေကြောင်း ၎င်းတို့က ပြောကြားနေသော်လည်း အီးယူကမူ ၎င်း၏ စည်းမျဉ်းသည် တစ်ကမ္ဘာလုံးအပေါ်၌ ကျင့်သုံးခြင်းဖြစ်ကြောင်း ဆိုသည်။

ရင်းမြစ်။        Reutures

WTO ဌာနခွဲ

ကုန်သွယ်ရေးဦးစီးဌာန