ဗြိတိန်နှင့် တူရကီနိုင်ငံတို့အကြား လွတ်လပ်သောကုန်သွယ်မှုဆိုင်ရာညှိနှိုင်းမှုများစတင်

ဥရောပသမဂ္ဂမှထွက်ခဲ့သော ဗြိတိန်နှင့် ဥရောပသမဂ္ဂသို့ဝင်ရောက်ရန် ကြိုးပမ်းနေသည့် တူရကီတို့သည် ဝန်ဆောင်မှုနှင့် ကုန်စည်များ အတွက် လွတ်လပ်သောကုန်သွယ်မှုဆိုင်ရာညှိနှိုင်းမှုအသစ်များစတင်နေကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြထားပါသည်။
 

နှစ်နိုင်ငံကြား လွတ်လပ်သောကုန်သွယ်မှုဆိုင်ရာသဘောတူညီချက် ရှိခဲ့ဖူးသော်လည်း ဥရောပသမဂ္ဂမှ ဗြိတိန်ထွက်ခဲ့ချိန်မှစ၍ ပျက်ပြယ် သွားခဲ့ကြောင်း၊ သို့သော်ပြီးခဲ့သည့်နှစ်က နှစ်နိုင်ငံလုံးမှ ပြန်လည်သုံးသပ်၍ ညှိနှိုင်းမှုအသစ်များ စတင်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ပါသည်။

နှစ်နိုင်ငံကြား ကုန်သွယ်ဆက်ဆံမှုသည် ခိုင်မာခဲ့သော်လည်း ခေတ်နှင့်လျော်ညီသော သဘောတူညီချက်အသစ်က ပိုမိုခိုင်မာစေမှာ ဖြစ်ကြောင်း ၊ ကြီးထွားလာသောဈေးကွက်ကြောင့် ဗြိတိန်၏ဝန်ဆောင်မှုကဏ္ဍကို ပိုမိုယှဉ်ပြိုင်လာစေနိုင်ပြီး အလုပ်အကိုင်အခွင့် အလမ်းများစွာ ရရှိနိုင်ကြောင်း ဗြိတိန်ကုန်သွယ်ရေးဝန်ကြီး Kemi Badenoch ၏ မိန့်ခွန်းတွင် ဖော်ပြခဲ့သည်။

ဗြိတိန်ကုန်သွယ်ရေးဝန်ကြီးဌာနက ပထမဆုံးအကြိမ်ညှိနှိုင်းမှုများကို လာမည့်နွေရာသီ (ဇွန်၊ ဇူလိုင်၊ ဩဂုတ်) တွင်စတင်ရန် ခန့်မှန်းထား သည်ဟုဆိုသည်။

သဘောတူညီချက်မှုကြောင့် ဗြိတိန်စားသုံးသူများအနေဖြင့် တူရကီ၏လုံးတီးဂျုံ (bulgur wheat )၊ ခရမ်းချဉ်သီးစသည့် ကုန်စည်များကို ပိုမိုရရှိနိုင်မည့်အပြင် ဗြိတိန်ဝန်ဆောင်မှုလုပ်ငန်းပို့ကုန်များ လည်း တိုးမြင့်လာနိုင်ပါသည်။
 

ဗြိတိန်သည် လက်ရှိတွင် အိန္ဒိယ၊ ပင်လယ်ကွေ့ ပူးပေါင်းဆောင်ရွက်ရေးကောင်စီ Gulf Cooperation Council (GCC)၊ တောင်ကိုရီးယားတို့နှင့် လွတ်လပ်သောကုန်သွယ်မှုသဘောတူညီချက်ရရှိရေး ညှိနှိုင်းဆွေးနွေးနေပြီး ကနေဒါနှင့်ညှိနှိုင်းမှုမှာ လယ်ယာ ကဏ္ဍ၏ ကုန်သွယ်မှုဆိုင်ရာ အတားအဆီးများဖယ်ရှားပေးရန်ကိစ္စအပေါ် နှစ်ဖက်စလုံးမှ ပြီးခဲ့သည့်နှစ်အတွင်းက သဘောမတူညီနိုင် ခဲ့သဖြင့် ရပ်တန့်နေဆဲဖြစ်ပါသည်။

Source:         Turkish Minutes/ Reutures