G to G MoU အစီအစဉ်အရ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့မည့်ဆန်တန်ချိန် (၁၉၁၇၀၀) တန် ပို့ကုန်လိုင်စင်ခွင့်ပြုပြီးစီးမှု

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်နေ့

 

         မြန်မာနိုင်ငံနှင့်  ဘင်္ဂလားဒေ့ရှ်နိုင်ငံအစိုးရတို့အကြား  ဆန်ကုန်သွယ်မှုဆိုင်ရာ G to G MoU အစီအစဉ်အရ     မြန်မာနိုင်ငံ

ဆန်စပါးအသင်းချုပ်၏   ကြီးကြပ်မှုဖြင့်   ကုမ္ပဏီ (၄၈) ခုမှ   ဆန်တန်ချိန် (၂၀၀၀၀၀)  တန်အား  တရုတ်ယွမ်ဖြင့် တင်ပို့ခြင်းကို

၂၀၂၂ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလအတွင်း ဆောင်ရွက်ကြမည်ဖြစ်ပါသည်။

 

          ထိုသို့ တင်ပို့ရာတွင်    နှစ်နိုင်ငံတာဝန်ရှိသူများ၏ Contract    စာချုပ်အရ    White Rice (ATAP)  GPCT Broken STX)

ဆန်အမျိုးအစားကို    တင်ပို့မည်ဖြစ်ပြီး FOB  စျေးနှုန်းမှာ   တစ်ကီလိုလျှင် တရုတ်ယွမ် (၂.၇၈၈၅၆)  ယွမ်ဖြစ်ပြီး တစ်တန်လျှင်

တရုတ်ယွမ်(၂၇၈၈.၅၆) ယွမ်ဖြင့် တင်ပို့ရောင်းချမည်ဖြစ်ပါသည်။

 

            ကုန်သွယ်ရေးဦးစီးဌာန၊ ပို့ကုန်သွင်းကုန်လုပ်ငန်းဌာနခွဲအနေဖြင့်  ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဆန် တင်ပို့မည့်ကုမ္ပဏီ (၄၁) ခု

သို့    ပို့ကုန်လိုင်စင် (၄၂)  စောင်၊  တန်ချိန် (၁၉၁၇၀၀)  တန်၊   တန်ဖိုး တရုတ် ယွမ် (၅၃၄.၅၅၅)   သန်းအား  ခွင့်ပြုထုတ်ပေးပြီး

ဖြစ်ကြောင်း သိရှိရပါသည်။

Source:Exp&Imp