EC Plaza(www.ecplaza.net)တွင် မြန်မာ့ပို့ကုန်တိုးတက်ရေးအတွက် မြန်မာပြခန်းဆောင် လွှင့်တင်ဖွင့်လှစ်နိုင်

တောင်ကိုရီးယားနိုင်ငံအခြေပြု အာရှတိုက်၏ဒုတိယအကြီးဆုံးတစ်ခုဖြစ်သော  ECPlaza (www.ecplaza.net)ပေါ်တွင်မြန်မာပြခန်း ဆောင်f(Myanmar Pavilion)လွှင့်တင်ခြင်းဖွင့်ပွဲ အခမ်းအနားကို  ဇန်နဝါရီ ၂၇ရက်ကိုရီးယား စံတော်ချိန် ၁၅ ၃၀ နာရီတွင်  Online စနစ်ဖြင့် ကျင်းပခဲ့ရာ အခမ်းအနားသို့ မြန်မာနိုင်ငံဘက်မှ စီးပွားရေးနှင့်   ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ်ဒေါ်နော်မူတာကပေါ ဦးဆောင် သည့်တာဝန်ရှိပုဂ္ဂိုလ်များ၊အရာရှိကြီးများ၊ မြန်မာသံရုံး၊ ဆိုးလ်မြို့၊ စီးပွားရေး သံမှူး၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ လက်အောက်ရှိ အနယ်နယ်အရပ်ရပ်မှTrade Center တာဝန်ခံ များ၊ Cyber King Co., Ltd.  CEO ၏ ဦးမြတ်သူ နှင့် ကုမ္ပဏီဒါရိုက်တာအဖွဲ့ဝင်များတက်ရောက် ခဲ့ကြပြီး တောင်ကိုရီးယားနိုင်ငံဘက်မှရန်ကုန်မြို့ KOTRAရုံးခွဲ (Korea Desk ) ၏တာဝန်ခံ Director  ဖြစ်သူ Mr. Kyung Kaung Jun? Ecplaza Network Inc. ၏ ဥက္ကဋ္ဌMr. Park Inky ကဦးဆောင်သော ကုမ္ပဏီတာဝန်ရှိပုဂ္ဂိုလ်များ နှင့် ဖိတ်ကြားထားသောဧည့်သည်တော်များ စုစုပေါင်း၅၀ ခန့် တက်ရောက်ခဲ့ကြသည်။အခမ်းအနားတွင် မြန်မာ ကုန်သွယ် မှုမြှင့် တင်ရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်  ဒေါ်နော်မူတာကပေါကအဖွင့်အမှာစကား  ပြောကြား၍EC Plaza ပေါ်ရှိ      ''မြန်မာပြခန်းဆောင်''ကို ဖွင့်လှစ်ပေးခဲ့ပြီး သက်ဆိုင်ရာ မြန်မာ-ကိုရီးယား တာဝန်ရှိပုဂ္ဂိုလ်အသီးသီးက   EC  Plaza B2B E-commerce Platform    ပေါ် ရှိ မြန်မာပြခန်း ဆောင်ကိုအသုံးပြု၍  မြန်မာ-ကိုရီးယားကုန်သွယ်မှု တိုးတက်စေရေး၊ မြန်မာ့ပို့ကုန်များ နိုင်ငံတကာ ဈေးကွက်သို့ ပိုမိုထိုးဖောက်နိုင်လျက် တင်ပို့ရောင်းချရေးတို့အတွက် ဆွေးနွေးကာEC Plaza တာဝန်ရှိ သူ များ မှ Website အသုံးပြုပုံများ ကို လက်တွေ့ သရုပ် ပြ ရှင်းလင်းဆွေးနွေးခဲ့ကြသည်။EC Plazaသည်တောင်ကိုရီးယားနိုင်ငံ အခြေပြု၍    အာရှတိုက်၏ဒုတိယအကြီးဆုံး အောင်မြင်သည့်B2B E-commerce Platform တစ်ခု ဖြစ်သည်။ ဤကဲ့သို့ မြန်မာပြခန်းဆောင် အား EC Plaza  ပေါ်တွင် လွှင့်တင်ဆောင်ရွက် ရန်သည် ၂၀၁၉ ခုနှစ်နိုဝင်ဘာလတွင် တောင် ကိုရီးယားနိုင်ငံဘူဆန်မြို့၌ကျင်းပခဲ့သောASEAN-Korea Commemorative Summit 2019 ၏ ပူးတွဲအခမ်းအနားတစ်ခုဖြစ်သည့်2019 ASEAN-Korea Startup Weekတွင်စတင်အခြေပြုခဲ့ပြီး ယခုကဲ့သို့ မြန်မာနိုင်ငံ စီးပွားရေးနှင့်ကူး သန်းရောင်း ဝယ်ရေးဝန်ကြီးဌာနမြန်မကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၏အဓိကစီစဉ်လမ်းညွှန်ပံ့ပိုးမှု၊ မြန်မာနိုင်ငံ၊  Cyber King Co., Ltd..နှင့် တောင်ကိုရီးယားနိုင်ငံ၊ EC plaza Network Inc.တို့၏နည်းပညာပိုင်းဆိုင်ရာပူးပေါင်းဆောင်ရွက်မှု၊သက်ဆိုင်ရာမြန်မာ-ကိုရီးယား စီးပွား ရေးသံမှူး များနှင့် စီးပွားရေးရာ ပူးပေါင်း အဖွဲ့ များ၏ လိုအပ်သကဲ့သို့  ပူးပေါင်း ဆောင်ရွက်မှုများဖြင့် ဤကဲ့သို့ အောင်မြင်စွာ အကောင်အထည်ဖော်   ဆောင်ရွက်နိုင်ခဲ့ခြင်း ဖြစ်သည်။အဆိုပါEC Plaza website ပေါ်ရှိMyan-mar Paviliion (မြန်မာ ပြခန်းဆောင်)တွင်မြန်မာ့ အရည် အသွေးမီ လယ်ယာထွက် ကုန်စည်များ၊ ရေထွက်ကုန်စည်များ၊ မြန်မာ့ကော်ဖီ၊ လက်ဖက် ရည်နှင့် စားသောက်ကုန်စည်များ၊ သစ်သီးဝလံ များ၊ အိမ်အလှဆင်နှင့် အမှတ်တရလက်ဆောင် တန်ဖိုးမြင့်    ကုန်ချောထုတ်ကုန်များ   (Value Added Product)များ စသည့် မြန်မာ့ ပို့ကုန်များ ကိုလွှင့်တင်ပြသ၍ရောင်းချနိုင်ပြီဖြစ်ရာ မြန်မာ- ကိုရီးယား  နှစ်နိုင်ငံကုန်သွယ်မှု ပိုမိုမြှင့်တင်နိုင် ရေးနှင့် နိုင်ငံတကာဈေးကွက်  ပိုမိုချဲ့ထွင်နိုင်ရေး တို့ကို   လက်ရှိကိုဗစ် ကာလ စိန်ခေါ်မှုများကို အန်တုလျက် ပုံမှန်Offlineကုန်သွယ်မှုမြှင့်တင် ရေးဆော င်ရွက်မှု များအပြင်     4IR ခေတ်စနစ် နှင့်အညီ E-Commerce စနစ်ဖြင့် New Normal Digital Life ၏ကုန်သွယ်မှုမြှင့်တင်ရေးအကောင် အထည်ဖော်ဆောင်ရွက်နိုင်မှုပင် ဖြစ်ပါကြောင်း ဂုဏ်ယူစွာဖြင့် တင်ပြလိုက်ရပါသည်။

ဝင်းပပသူ(စီးပွားရေးသံမှူး)
မြန်မာသံရုံး၊ ဆိုးလ်။