ဗီယက်နမ်လယ်ယာလုပ်ငန်းသစ်များအတွက် အကူအညီများပိုမိုလိုအပ်

လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အောင်မြင်အောင် ဆောင်ရွက်မည် ဆိုပါက လယ်ယာစိုက်ပျိုးရေး လုပ်ငန်း ကို အဟန့်အတားပြုနေသော လယ်ယာ မြေ ကန့်သတ်ချက်ကို အစိုးရက ဖယ် ရှားပေးသင့်သည်ဟု ဖေဖော်ဝါရီ ၂၄ ရက်ညနေက အစိုးရပိုတယ(Goverment Portal) ၌ကျင်းပသော အွန်လိုင်းဆွေး နွေးပွဲတွင် ဗီယက်နမ်ကုန်သည်ကြီးများ နှင့် စက်မှု အသင်းမှ ဥပဒေရေးရာဌာန အကြီးအကဲ ဒေါအန်းတွမ်က ပြောကြောင်း ဗီယက်နမ်နယူးစ် သတင်းတွင် ဖော်ပြသည်။
''အောင်မြင်တဲ့  လယ်ယာစိုက် ပျိုးရေးလုပ်ငန်းတွေဖြစ်အောင် ဆောင် ရွက်မယ်ဆိုပါက အကြီးစား ကုန်ထုတ် လုပ်မှုလုပ်ငန်းဖြစ်ဖို့ လိုအပ်ပါတယ်။ ပြန့်ကျဲနေတဲ့ နေရာအမျိုးမျိုးမှ လယ် ယာထွက်ကုန်များကို စုစည်းယူရမယ် ဆို ရင်   အရည်အသွေး   တည်ငြိမ်ဖို့၊ ပင်ရင်းကို ခြေရာခံဖို့နဲ့ အစားအသောက် ဘေးကင်းလုံခြုံဖို့အတွက် အခက်အခဲ ဖြစ်နိုင်ပါတယ်''ဟု သူကပြောသည်။
၂၀၁၃ ခုနှစ်က စတင်ပြဋ္ဌာန်းခဲ့ တဲ့ လယ်ယာမြေ ဥပဒေ  (Law on Land) အရ လယ်ယာ ပိုင်ဆိုင်မှုကို ကန့်သတ် ထားသည်။ တစ်သီးပုဂ္ဂလ သို့မဟုတ် အိမ်ထောင်စုများအတွက် နှစ်ဟက်တာ မှ သုံးဟက် တာနှင့် ရော်ဘာ ၊ ကော်ဖီစေ့ သို့မဟုတ် လက်ဖက် လုပ်ငန်းအတွက် ၁၀ ဟက်တာမှ ဟက်တာ ၃၀ အထိ ကန့်သတ်ထားသည်။''ဒီလိုလယ်ယာမြေ ကန့်သတ် ချက်များကြောင့် ကုန်ထုတ်စရိတ် မြင့် တက်စေပါတယ်။ လယ်ယာ လုပ်ငန်း ကို တိုးချဲ့ချင်တဲ့ စိတ်ဓာတ်စေ့ဆော်မှု ကို ပျက်စီးစေပါတယ်''ဟု သူက ပြောသည်။
လယ်ယာစိုက်ပျိုးရေးနှင့် ကျေးလက် ဖွံ့ဖြိုးရေး ဝန်ကြီးဌာနသည် လယ်ယာ စိုက်ပျိုးရေး မြေဧရိယာ ကန့်သတ်ချက် များကို လျှော့ပေါ့ပေးရန် စဉ်းစားလျက် ရှိသည်။ ဤအခြေအနေက အပြုသဘော လက္ခဏာဖြစ်ပြီး လုံး၀ ဖျက် သိမ်းပေး သည်အထိ ဖြစ်လာမည်ဟု ခန့်မှန်းထား ကြောင်း တွမ်ကပြောသည်။
အစိုးရအနေဖြင့် ထုတ်လုပ်မှုခွဲ တမ်းသတ်မှတ်ချက်ကို ဖယ်ရှားပေးရန် အစိုးရကို သူကအကြုံပြုသည်။ နမူနာ အဖြစ်   ကြည့်ပါက   ၂၀၂၀ ပြည့်နှစ် အတွက်   ထရာငါးနှင့် ပင်လယ်ပုစွန် ထုတ်လုပ်ရမည့်  ခွဲတမ်းများကို သတ် မှတ်ပေးထားရာ     ထရာငါးအတွက် တန်ချိန် ၁ ဒသမ ၉ သန်းနှင့် ပင်လယ် ပုစွန်အတွက် တန်ချိန် ၁၉၄၀ သတ်မှတ် ပေးထားကြောင်း တွမ်ကပြောသည်။ ဤကဲ့ သို့ ဆောင်ရွက်မှုသည် အစိုးရက ဈေးကွက်တွင် ဝင်ရောက် စွက်ဖက်မှုဖြစ် ကြောင်း သူကပြောသည်။
''အစိုးရက စီမံကိန်းဥပဒေ (Law on Planning)  ကိုပြင်ဆင်လျက်ရှိ ပါတယ်။ ထုတ်လုပ်မှု စီမံကိန်းနဲ့ ဆိုင်တဲ့ ထိန်းချုပ်မှုများကို ဖယ်ရှားပေးမှာ ဖြစ် ပါတယ်။ အစိုးရက နိုင်ငံတော်အဆင့် စီမံကိန်းကို ပြုလုပ်ပြီး ကုန်ထုတ်လုပ် မှုကို ဈေးကွက်က အဆုံးအဖြတ်ပေးမှာ ဖြစ်ပါတယ်''ဟု သူကပြောသည်။

ဉာဏ်တင်