၂၀၁၇ ခုနှစ်တွင် ဆန်တန်ချိန် ၁၀ သန်းကို ပြည်ပသို့တင်ပို့ရန် ထိုင်းနိုင်ငံလျာထား

ထိုင်းနိုင်ငံသည် ၂၀၁၆ ခုနှစ် အတွင်း ပြည်ပသို့ ဆန်တန်ချိန် ၉ ဒသမ ၅သန်းခန့်တင်ပို့ခဲ့ရာမှ ၂၀၁၇ ခုနှစ်တွင် ဆန်တန်ချိန် ၉ ဒသမ ၅ သန်းနှင့် ၁၀သန်းအကြား တင်ပို့ရန် မျှော်မှန်းထားကြောင်း ထိုင်းဆန်ပို့ကုန် လုပ်ငန်းရှင် များ အသင်း၏ ပြောကြား ချက်အရ သိရှိရသည်။ရေနံဈေးနှုန်း မြင့်တက်လာမှု ကြောင့် အရှေ့အလယ်ပိုင်းဒေသကဲ့သို့ သော ဈေးကွက်များမှ ဆန်ဝယ်လိုအား မြင့်တက်လာနိုင်သဖြင့် ၂၀၁၇ ခုနှစ် တွင် ပြည်ပသို့ ဆန်တင်ပို့ မှုမြင့် တက်လာ နိုင်ကြောင်း၊ သို့ရာတွင် ကမ္ဘာ့ ဆန် အထွက်နှုန်း အနည်းငယ် မြင့်တက် လာနိုင်မည်ဟု မျှော်လင့်ရသဖြင့် ယှဉ် ပြိုင်မှုများ မြင့်မားလာနိုင်ကြောင်း၊ ထို့ အပြင် ၂၀၁၇ ခုနှစ်တွင် တရုတ်နိုင်ငံ သည် စီးပွားရေးတိုးတက် မှုနှု န်း အနည်း ငယ်ကျဆင်းနိုင်ပြီး အခြားနိုင်ငံများ အထူးသဖြင့် အမေရိကန်နိုင်ငံတွင် စီးပွားရေး တိုးတက်မှုနှုန်း ပြန်လည် မြင့်တက် လာနိုင်မှုကြောင့် ကမ္ဘာ့စီးပွား ရေး   ပြန်လည်ကောင်းမွန်နိုင်မှု  အပါ အဝင် အခြားအကြောင်း အရာများကို လည်း စောင့်ကြည့်လေ့လာ ရမည်ဖြစ် ကြောင်း၊ ရာသီဥတု ပြောင်းလဲမှုကြောင့် ဆန်စပါးနှင့် အခြား ကောက်ပဲသီးနှံများ ထွက်ရှိမှုအပေါ် ထိခိုက်နိုင်မှုများ ရှိသော်လည်း ရေနံဈေးနှုန်း မြင့်တက် နိုင် မည်ဟု   မျှော်လင့် မှုကြောင့် ကုန် ပစ္စည်းများနှင့် သီးနှံများ၏ ဈေးနှုန်းများ မြင့်တက်လာနိုင်ကြောင်း အဆိုပါ အသင်းဥက္ကဋ္ဌက ပြောကြားခဲ့သည်။ဆန်စပါး စိုက်ဧကလျှော့ချမည့် ထိုင်းနိုင်ငံ၏ မူဝါဒနှင့် သိုလှောင် ထားသည့် ဆန်များအား ထုတ်ရောင်း မည့်  အစိုးရ၏ အစီအစဉ်များကြောင့် ဆန်ဈေးနှုန်းအပေါ် အကျိုးသက် ရောက်မှုများရှိလာနိုင်ကြောင်း၊ ၂၀၁၇ ခုနှစ်တွင် အစိုးရအချင်းချင်း ဆန်စပါး အရောင်းအဝယ်များကလည်း ဆန်ပို့ ကုန်ဈေးနှုန်းနှင့် တင်ပို့မည့်ပမာဏ အပေါ် သက်ရောက် မှုများ ရှိလာနိုင် ကြောင်း ၎င်းကပြောကြားခဲ့သည်။

Source: National Multimedia
စန္ဒာထွန်း (TTI)