ပြည်တွင်းစီးပွားရေးလုပ်ငန်းများနှင့် ပူးပေါင်းဆောင်ရွက်ရန် ပြည်ပတွင်လုပ်ငန်းဆောင်ရွက်နေသော ဗီယက်နမ်စီးပွားရေး လုပ်ငန်းရှင်များကိုတိုက်တွန်း

ဗီယက်နမ်နှင့် နှစ်နိုင်ငံ  စီးပွား ဖက်များ ချုပ်ဆိုထားသော ကုန်သွယ် ရေးသဘောတူညီချက်များမှ  ရရှိမည့် အကျိုးစီးပွားများကို  အပြည့်အဝရရှိ ခံစားနိုင်ရန်အတွက် ဗီယက်နမ်နိုင်ငံ အတွင်းရှိ  စီးပွားရေးလုပ်ငန်းများနှင့် ပူးပေါင်းဆောင်ရွက်ကြရန် နိုင်ငံခြား တိုင်းပြည်များ အထူးသဖြင့် ရုရှားနိုင်ငံ တွင်     လုပ်ငန်းဆောင်ရွက်နေသော ဗီယက်နမ်  စီးပွားရေးလုပ်ငန်းရှင်များကိုတိုက်တွန်းထားကြောင်း   ဗီယက်နမ် နယူးစ်သတင်းတွင် ဖော်ပြသည်။
ဗီယက်နမ် - ယူရေးရှ  စီးပွားရေး သမဂ္ဂ (Vietnam Eurasian Economic Union - EAEU) လွတ်လပ်စွာ   ကုန် သွယ်မှု သဘောတူညီချက်ကို ယခုနှစ် အောက်တိုဘာ ၅ ရက်တွင်   စတင်အကောင်အထည်ဖော်ေ တာ့မည် ဖြစ် ရာ ဗီယက်နမ်နှင့် ရုရှားနိုင်ငံတို့ ပူးပေါင်း ဆောင်ရွက်မှုမြှင့်တင်ရန်အတွက် စက် တင်ဘာ ၁၈ ရက်တွင် မော်စကိုမြို့၌ ကျင်းပသော    စီးပွားရေးဖိုရမ်၌ ဗီယက်နမ်ဒုတိယဝန်ကြီးချုပ် ထရင်ဒင် ဇွန်းက ယခုကဲ့သို့ တိုက် တွန်းေြ ပာကြား ခဲ့ ခြင်းဖြစ်သည်။  ဖိုရမ်တွင် ဗီယက်နမ် စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာနမှ ကိုယ်စားလှယ်တစ်ဦးက  ဗီယက်နမ်နှင့် EAEUတို့ချုပ်ဆိုသော  လွတ်လပ်စွာ ကုန်သွယ်မှု သဘောတူစာချုပ်များ၏ အကျိုး အပြစ်များ ကို ဆွေးနွေးခဲ့သည်။စီးပွားရေးလုပ်ငန်းများ တိုးမြှင့် ရေးနှင့် ထုတ်ကုန်တိုးမြှင့် ထုတ်လုပ်နိုင် ရေးအတွက် ပြည်တွင်းနှင့်ရုရှားနိုင်ငံရှိ ဗီယက်နမ်    စီးပွားရေးလုပ်ငန်းများ အတွက် လွတ်လပ်စွာ   ကုန်သွယ်မှု သဘောတူစာချုပ်က အခွင့်အလမ်း များကို ဖန်တီးပေးနိုင်မှာဖြစ်ကြောင်း ရုရှားနိုင်ငံဆိုင်ရာ  ဗီယက်နမ်နိုင်ငံ သံအမတ်ကြီး ငုယင်သန်းဆန်းက ပြော သည်။