ပဲပုပ်ဆီဈေးကျဆင်းမှုနဲ့ ရောင်းလိုအား မြင့်တက်မှုကြောင့် စားအုန်းဆီဈေး ရက်သတ္တပတ်သုံးပတ်အတွင်း အနိမ့်ဆုံးအထိကျဆင်း

စားအုန်းဆီကဲ့သို့ ဟင်းရွက်ဆီ အမျိုးအစားဝင် တစ်မျိုး ဖြစ်တဲ့ ပဲပုပ်ဆီဈေးတွေ စက်တင်ဘာ ၁ ရက်မှာ ကျဆင်းခဲ့ပါ တယ်။ အလားတူပဲ မလေးရှားစားအုန်းဆီကြိုရောင်းဈေးကလည်း တစ်ဟုန်ထိုး ကျဆင်းခဲ့ရာ ရက်သတ္တပတ် သုံး ပတ် အတွင်း အနိမ့်ဆုံးနှုန်းသို့ ရောက်ရှိခဲ့ကြောင်း စတားအွန်လိုင်းသတင်း မှာ ဖော်ပြပါတယ်။ကုန်စည်စစ်တမ်းကောက်ယူရေးအဖွဲ့များက ထုတ် ပြန်တဲ့စာရင်းများအရ ပို့ကုန်ကိန်းဂဏန်းများ ခိုင်မာမြင့်တက် လျက်ရှိေ နပေမယ့် ဈေးကွက်မှာရောင်းလိုအားကောင်းလာတဲ့အတွက် စားအုန်းဆီဈေးတွေ ကျဆင်းတာဖြစ်ကြောင်း၊  အရောင်းတာဝန်ခံတွေက ပြောပါတယ်။''ချီကာဂိုကုန်သွယ်ရေးဘုတ်အဖွဲ့မှာလည်း  အခြေ  အနေ မကောင်း ပါဘူး။ တစ်ချိန်တည်းမှာ ဝယ်လက်တွေမှာ လိုသလောက်ပြည့်စုံသွားပြီဖြစ်တဲ့အတွက် သိုလှောင်ကုန်ကို ဝယ်ယူတဲ့အထိ ဖြစ်မလာတော့ပါဘူး''လို့ ချီကာဂို ကုန်သွယ် ရေးဘုတ်အဖွဲ့ရဲ့ အခြေအနေကိုရည်ညွှန်းပြီး ကွာလာလမ်ပူ အခြေစိုက် အရောင်းတာဝန်ခံတစ်ဦးက ပြောပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ သီးနှံရိတ်သိမ်းမှုက စံချိန် တင်မြင့်တက်မယ့် အလားအလာရှိတဲ့အတွက် ပဲပုပ်ဆီဈေး က ကျဆင်းလာခဲ့ပါတယ်။ ချီကာဂို  ကုန်သွယ်ရေးအဖွဲ့မှာ ဒီဇင်ဘာအတွက် စာချုပ်ချုပ်ဆိုတဲ့ ပဲပုပ်ဆီဈေးက သုည  ဒသမ ၂  ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။ ကမ္ဘာ့ဟင်းရွက်ဆီဈေး ကွက်မှာ ဆီအမျိုးအစားနှစ်ခုစလုံးက ဈေးကွက်ဝေစုရရှိရေး အတွက် ယှဉ်ပြိုင်နေရတာကြောင့် ပဲပုပ်ဆီဈေးက စားအုန်းဆီ ဈေးအပေါ်မှာ အကျိုး သက်ရောက်မှုရှိတတ်ပါတယ်။
ဘာဆာမလေးရှား  ကုန်စည်ဒိုင် ((Bursa Malaysia Derivatives Exchange)  )  မှာ နိုဝင်ဘာအတွက် ရောင်းချတဲ့ စားအုန်းဆီ  ကြိုရောင်းဈေးက သုည ဒသမ ၂ ရာခိုင်နှုန်း ကျဆင်းပြီး တစ်တန်ကို ၂၅၂၀ ရင်းဂစ် (အမေရိ ကန်ဒေါ်လာ ၆၁၉ ) နှုန်းရှိခဲ့ပါတယ်။ တစ်ရက်အတွင်း အနိမ့်ဆုံးဈေးအဖြစ် တစ်တန်ကို ၂၄၈၇ ရင်းဂစ်နှုန်းအထိ ရောက်ရှိခဲ့ရာ သြဂုတ် ၁၂ ရက်နောက်ပိုင်း အနိမ့်ဆုံးနှုန်းဖြစ်ခဲ့ပါတယ်။ရောင်းချမှုပမာဏမှာ စက်တင်ဘာ ၁ ရက် ညနေပိုင်း က ၂၅ တန်ရှိ အတွဲ ၄၁၇၇၅ တွဲရှိခဲ့ရာ ၂၀၁၅ ခုနှစ်အတွင်း ပျမ်းမျှ ရောင်းချနှုန်းဖြစ်တဲ့ ၄၄၆၀၀ တွဲအောက် ကျဆင်းနေ တာတွေ့ရပါတယ်။ စားအုန်းဆီဈေးက စောစောပိုင်းက ရက် သတ္တ သုံးပတ်ဆက်တိုက် မြင့်တက်ခဲ့ပြီးနောက် ဒုတိယ မြောက်ရက်သတ္တပတ်အဖြစ် ဆက်တိုက်ကျဆင်းခဲ့ပါတယ်။
အိန္ဒိယရဲ့ ဝယ်လိုအားမြင့်တက်ခဲ့တဲ့အတွက် စားအုန်းဆီ ထုတ်ကုန်များ  တင်ပို့မှုက သြဂုတ်မှာ ၂၆ ရာခိုင်နှုန်းမှ ၂၇ ရာခိုင်နှုန်းအထိ မြင့်တက်လာကြောင်း ကုန်စည်စစ်တမ်း ကောက်ယူရေးအဖွဲ့တွေဖြစ်တဲ့ Intertek Testing Services  နဲ့ Societe Generale de Surveillanceတို့ရဲ့ ကိန်းဂဏန်းများ အရ သိရပါတယ်။စားအုန်းဆီနောက်ဆုံး ကျဆင်းနိုင်တဲ့ဈေးက တစ်တန် ကို ၂၅၁၁ ရင်းဂစ်နှုန်းဖြစ်နိုင်ပါတယ်။ ဒီထက်ကျဆင်းလာ မယ်ဆိုရင် တစ်တန်ကို ၂၄၇၇ ရင်းဂစ်နှုန်းအထိ ရောက်ရှိနိုင် ကြောင်း   ရိုက်တာသတင်းဌာနမှ လေ့လာဆန်းစစ်ရေးမှူး ဝမ်တောင်းက ပြောပါတယ်။အခြားဟင်းရွက်ဆီဖြစ်တဲ့ ပဲပုပ်ဆီရဲ့ ဇန်နဝါရီအတွက် ကြိုရောင်းဈေးက ဒါလီယံကုန်စည်ဒိုင်မှာ သုည ဒသမ ၉ ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။                  

ဉာဏ်တင်