အိန္ဒိယလုပ်ငန်းသစ် ထက်ဝက်ခန့် ကျရှုံး

လုပ်ငန်းခွင်ထဲမှာ ပြိုင်ဘက်များ အများ အပြားထွက်ပေါ်လျက်ရှိတဲ့အတွက် အိန္ဒိယ နိုင်ငံ မှာ ထောက်ပံ့ပို့ဆောင်ရေး၊ အီးကော မတ်စ်၊ အစားအစာနည်းပညာစတဲ့ လုပ်ငန်း နယ်ပယ် တွေမှာစတင်ဝင်ရောက်လုပ်ကိုင်သူ များအဖို့  အရှုံးပေါ်ဖို့ ထက်ဝက်လောက် သေချာနေကြောင်း  တိုင်းမ်အော့အိန္ဒိယ သတင်းမှာ ဖော်ပြပါတယ်။၂၀၁၄ ခုနှစ်   ဇွန်လနောက်ပိုင်း ထူ ထောင်ခဲ့တဲ့ အလုပ်အကိုင်သစ် ၂၂၈၁ ခု အနက် ၉၉၇ ခုမှာ လုပ်ငန်းတွေ ပိတ်သိမ်း ခဲ့ ရကြောင်း ဈေးကွက်သုတေသနလုပ်ငန်း Xeler 8 က ထုတ်ပြန်တဲ့ကိန်းဂဏန်းများအရ တွေ့ရပါ တယ်။ ဒါပေမယ့် ဘဏ်လုပ်ငန်း၊ ဘဏ္ဍာရေး ဝန်ဆောင်မှု၊ အာမခံလုပ်ငန်းနဲ့ ကွန်ပျူတာဒေတာ စိစစ်ရေး နယ် ပယ်တွေမျာ ရင်းနှီးမြှုပ်နှံ ရတာကတော့ ဘေးအန္တရာယ်ကင်းရှင်းတယ် လို့ ပြောပါတယ်။  Finteh လို့ခေါ်တဲ့ ဘဏ္ဍာ ရေးဆိုင်ရာ နည်းပညာလုပ်ငန်းက အခြေ အနေအကောင်းဆုံးဖြစ်ပြီးကျန်းမာရေးစောင့် ရှောက်မှုနဲ့   အွန်လိုင်း အလုပ် အကိုင်  ရှာဖွေ ရေးလုပ်ငန်းတွေလည်း အခြေအနေကောင်းတဲ့ ထဲမှာ ပါဝင်တယ်လို့ ပြောပါတယ်။''လုပ်ငန်းတစ်ခုမှာ  အရှုံးပေါ်တဲ့အခါ မျိုးမှာ ဆက်နွယ်နေတဲ့ နယ်ပယ်တစ်ခုကို ကူး ပြောင်း လုပ်ကိုင်ကြတာကိုလည်း တွေ့ရပါ တယ်။ ထောက်ပံ့ပို့ဆောင်ရေးနဲ့ အီးကော မတ်စ်လုပ်ငန်းတွေမှာမအောင်မြင်တဲ့ လုပ် ငန်းသစ် လုပ်ကိုင်သူတချို့က  သူတို့ရဲ့ နည်း ပညာနောက်ခံရှိတဲ့  ဆော့ဖ်ဝဲလုပ်ငန်း တစ်မျိုး ဖြစ်တဲ့SaaS ( Software as a Service)  ဆိုတဲ့ လုပ်ငန်းမျိုးနဲ့ ကွန်ပျူတာဒေတာလေ့လာစိစစ် ရေးလုပ်ငန်းမျိုးကို ပြောင်းလဲလုပ်ကိုင်ကြပါ တယ်'' လို့ လုပ်ငန်းသစ်တွေကို စစ်တမ်းကောက် လေ့လာနေတဲ့Xeler 8 ကို စတင်တည်ထောင် သူ ရစ်ရှားလာဝါနီယာက ပြောပါတယ်။
လုပ်ငန်း သစ်တွေမှာ အရှုံးပေါ်သူတွေက ကုမ္ပဏီအလုပ်တွေကို ဝင်ရောက်လုပ်ကိုင်နေ သူရှိသလို တခြားလုပ်ငန်းသစ်တွေမှာ ဝင် ရောက်လုပ်ကိုင်သူတွေလည်း ရှိကြပါတယ်။ သူတို့ထဲက အနည်းစုဖြစ်တဲ့ ၂၂ရာခိုင်နှုန်း သို့မဟုတ် ၂၄ ရာခိုင် နှုန်းလောက်သာ နောက် ထပ် လုပ်ငန်းသစ် တစ်ခုကို    ပြန်လည်စတင် လုပ်ကိုင်ပါတယ်။ လုပ်ငန်း မအောင်မြင်တဲ့ လုပ်ငန်း ရှင် သို့မဟုတ်  အုတ်မြစ်ချသူတို့ရဲ့ ပျမ်းမျှအသက်က ၂၇ ဒသမ ၃ နှစ် ဖြစ်ပါ တယ်။လုပ်ငန်းတွေပျက်ဖို့ စတင်အကြောင်း ပေါ်လာတဲ့ကာလကလည်း ပျမ်းမျှခြင်းအား ဖြင့် ၁၁ ဒသမ ၅ လ ဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ် ဇွန်လနောက်ပိုင်း အရှုံးပေါ်တဲ့ လုပ်ငန်းသစ် ၉၉၇ ခုအနက် ၃၂ ခုသာလျှင်ရင်းနှီးမြှုပ်နှံသူ များထံမှ  ချေးငွေရ ရှိခဲ့ပါတယ်။