တောင်ကိုရီးယားနိုင်ငံ၏စီးပွားရေးမြှင့်တင်ရေးအတွက် ဘတ်ဂျက် ထပ်ဆောင်းငွေ ဝမ် ၁၁ ထရီလီယံ အသုံးပြုမည်

ပို့ကုန်ကျဆင်းမှုနဲ့ အဓိကစီးပွားရေးလုပ်ငန်းကဏ္ဍတွေမှာရှိတဲ့ ကုမ္ပဏီတွေကို ပြန်လည်ဖွဲ့စည်းတည်ဆောက် ရာမှာဖြစ်ပေါ်လာမယ့် ဂယက်ရိုက်ခတ်မှုတွေနဲ့      ရင် ဆိုင်နေရတဲ့  တောင်ကိုရီးယားစီးပွားရေး လုပ်ငန်း များ ပြန်လည်မြင့်တက်လာအောင်  ဆောင်ရွက်ရေးအတွက် နောက်ထပ်ဘတ်ဂျက်သုံးငွေ ဝမ် ၁၁ ထရီလီယံ (အမေ ရိကန် ဒေါ်လာ ၉ ဒသမ ၆၄ ဘီလီယံ ) သုံးစွဲဖို့ အစိုးရက ဇူလိုင် ၂၂ရက်က သတ်မှတ်ထားကြောင်း ယွန်းဟပ် သတင်းမှာ ဖော်ပြထားပါတယ်။ယခုနှစ်မှာ တောင်ကိုရီးယားနိုင်ငံရဲ့ စီးပွားရေးကို ၂၈ ရာခိုင်နှုန်းအထိ တိုးတက်အောင်ဆောင်ရွက်ဖို့ ခန့်မှန်းထားပါတယ်။ ရည်မှန်းချက်  အောင်မြင်အောင် ဆောင် ရွက် နိုင်ရေးအတွက် စီးပွားရေး လှုံ့ဆော်အားပေးမှု အစီအစဉ် အဖြစ် ဝမ် ၂၈ ထရီလီယံ သုံးစွဲဖို့  သတ်မှတ် ထားရာ ယခုတစ်ကြိမ် ဘတ်ဂျက်တိုးမြှင့်သုံးစွဲမှုက အဆိုပါ အစီ အစဉ်ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ တောင်ကိုရီးယားနိုင်ငံရဲ့ စီးပွားရေး တိုးတက်မှုနှုန်းကို  ၃ ဒသမ ၁ ရာခိုင်နှုန်း ရရှိအောင် ဆောင်ရွက်ဖို့ ယခင် လက ခန့်မှန်း ထားရာမှ ယခုတစ်ကြိမ်မှာ လျှော့ချ ခန့်မှန်းထားတာ ဖြစ်ပါတယ်။ဘတ်ဂျက် ထပ်ဆောင်း ငွေလျာထားချက်ကို ဝန်ကြီးအဖွဲ့က အတည်ပြုပြီးဖြစ်တဲ့အတွက် အဆိုပါ လျာထားချက်ကို ဇူလိုင် ၂၆ ရက်မှာ ကျင်းပမယ့် အမျိုး သားညီလာခံမှာ  တင်ပြမှာ ဖြစ်ပါတယ်။ ဘတ်ဂျက်လျာထားချက်ကို သြဂုတ် ၁၂ ရက်နေ့မှာ အတည်ပြုမယ် လို့ အစိုးရက ခန့်မှန်းထားပါတယ်။ ဒါကြောင့် ဘတ်ဂျက် ငွေကို စက်တင်ဘာမှာ စတင်အသုံးပြုနိုင်မယ်လို့လည်း ခန့်မှန်းထားပါတယ်။သင်္ဘောတည်ဆောက်ရေးနဲ့ အခြားအရှုံးပေါ်နေ တဲ့ကဏ္ဍတွေကို ပြန်လည်ပြင်ဆင်ဖွဲ့စည်းရာမှ အစိုးရရဲ့ ဘတ်ဂျက်ငွေ သုံးစွဲမှုကို ယခုကဲ့သို့ ပြင်ဆင်ရခြင်းဖြစ်ပါ တယ်။