အာဆီယံနိုင်ငံများက ခရီးသွားကဏ္ဍမှာ ကျွမ်းကျင်မှုစံနှုန်းတွေ သတ်မှတ်မည်

ခရီးသွားလုပ်ငန်းမှာ  လိုအပ် နေတဲ့ ကျွမ်းကျင်မှုစံနှုန်းတွေကို ချမှတ် ပြီး ကမ္ဘာ့ခရီးသွား ဈေးကွက်ကို ဦး ဆောင်ဖို့ အရှေ့တောင်အာရှနိုင်ငံ တွေက စိတ်ဝင်စားလျက်ရှိကြောင်း နေးရှင်းသတင်းမှာ ဖော်ပြပါတယ်။
သြဂုတ် ၈ ရက်နဲ့ ၉ ရက်တွေမှာ ဂျကာတာမြို့မှာကျင်းပမယ့်  အပြည် ပြည်ဆိုင်ရာ ကွန်ဖရင့်မှာ အာဆီယံ အဖွဲ့ဝင်နိုင်ငံများမှ  အစိုးရဝန်ကြီးများနဲ့ အဆင့်မြင့်အရာရှိကြီးများက ခရီးသွား လုပ်ငန်းတွင်  ပါဝင် ဆောင်ရွက်နေ သူတွေ လေ့ကျင့်ရေး  သင်တန်းများ၊ ပညာပေးရေးအဖွဲ့အစည်းများနဲ့ အသိ အမှတ်ပြုလက်မှတ်ထုတ်ပေးရေး ဘုတ် အဖွဲ့များမှ  ကိုယ်စားလှယ် များနဲ့အတူ  ခရီးသွားလုပ်ငန်းအတတ် ပညာရှင်များ ဆိုင်ရာ  အပြန်အလှန် အသိအမှတ်ပြု ရေး သဘောတူညီချက် Mutual Re-cognition Agreement For Tourism Projessionals _MRA-TP ) ကို လက်မှတ်ရေးထိုးကြမှာ ဖြစ်ပါတယ်။
အဆိုပါ ကွန်ဖရင့်ကို အင်ဒိုနီးရှား ခရီးသွားဝန်ကြီးဌာနက ဦးစီးကျင်းပ ပေးတာဖြစ်ပြီး ကွန်ဖရင့်မှာ ဟိုတယ်နဲ့   ခရီးသွားလုပ်ငန်း  ၃၂ ခုအတွက် စံနှုန်းများသတ်မှတ်ရေး၊ ဧည့်ကြိုဌာန နဲ့ ဟိုတယ်ခန်းများအတွက် ဝန်ဆောင် မှု၊ အစားအစာနဲ့ အဖျော်ယမကာ၊ ခရီး သွားလုပ်ငန်းများ  စီစဉ်မှု၊ အစားအစာ ထုတ်လုပ်ရေးလုပ်ငန်း၊ ခရီးသွား အေဂျင်စီ  စတာတွေအတွက် အရည် အချင်း  သတ်မှတ်ပြဋ္ဌာန်းခြင်း  စတဲ့ လုပ်ငန်းများကို ညှိနှိုင်းဆောင်ရွက်သွား မှာဖြစ်ပါတယ်။ လုပ်သားများ အရည် အသွေးပြည့်ဝစေရန်အတွက် လေ့ကျင့် ရေး Toolbox  ၂၄၂၃ ခုကိုလည်းစီစဉ် ပေးထားမှာဖြစ်ပါတယ်။ထို့ပြင် မှတ်ပုံတင်ရေးသွင်းရေးစနစ်များကို  သတ် မှတ်ပေးခြင်းနဲ့အတူ  လေ့ကျင့်ရေး ဆရာများနဲ့  ကျွမ်းကျင်မှုအကဲဖြတ် သူများကို သတ်မှတ်ပေးမှာ ဖြစ်ပါ တယ်။
''MRA -TP   အစီအစဉ်ကို အပြည့်အဝ  အကောင်အထည်ဖော် နိုင်မယ်ဆိုရင်  ခရီးသွားလုပ်ငန်းလို အပ်ချက်နဲ့  ကိုက်ညီတဲ့ မိုဘိုင်းလုပ်သား တွေ၊ လေ့ကျင့်ပြီး  လုပ်သားတွေနဲ့ လုပ်ငန်းအပေါ်  ယုံကြည်မှုအပြည့် ရှိတဲ့လုပ်သားတွေကို  ရရှိအောင် လေ့ ကျင့်ပေးနိုင်မှာဖြစ်တဲ့အတွက်  ဝန် ဆောင်မှုအရည်အသွေးကို မြှင့်တင် နိုင်မှာ ဖြစ်ပါတယ်'' လို့  ခရီးသွားလုပ် ငန်းဝန်ကြီး အာရစ်ယာယာက သတင်း စာရှင်းလင်းပွဲမှာ ပြောပါတယ်။
ခရီးသွားလုပ်ငန်းရဲ့ စံနှုန်းအဆင့် ဆင့်ကိုမြှင့်တင်ပေးမယ့်အပြင် ကွန် ဖရင့်က အာဆီယံနိုင်ငံ အသီးသီးကို လှည့်လည်ဆောင်ရွက်နိုင်မယ့် ကျွမ်း ကျင်ပညာရှင်များ ပေါ်ထွန်းရေးကို လည်း အားပေးဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။