မလေးရှားစားအုန်းဆီဈေး ရက်သတ္တနှစ်ပတ်အတွင်း အမြင့်ဆုံးသို့ ရောက်ရှိ

မလေးရှားငွေကြေးရင်းဂစ်တန်ဖိုး ထပ်မံကျဆင်းဦး မယ့် အလားအလာတွေရှိနေချိန်မှာ စားအုန်းဆီ ဝယ်လိုအား တွေ တိုးတက်ကောင်းမွန်လာတဲ့အတွက် ဇူလိုင် ၂၁ ရက်မှာ မလေးရှား စားအုန်းဆီ ကြိုရောင်းဈေးက ဆက်လက်မြင့်တက် ခဲ့ကြောင်း ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။ဘာဆာ မလေးရှားကုန်စည်ဒိုင် (Bursa Malaysia Derivatives Exchange) မှာ  စားအုန်းဆီရဲ့  အခြေခံစံထား ဈေးနှုန်းက နံနက်ပိုင်းမှာ တစ်တန်ကို ၂၃၅၄ ရင်းဂစ်အထိ ရောက်ရှိကာ ရက်သတ္တနှစ်ပတ်အတွင်း အမြင့်ဆုံးသို့ ရောက် ရှိခဲ့ပြီးနောက် တစ်တန်ကို ၂၃၄၇ ရင်းဂစ် (အမေရိကန် ဒေါ်လာ ၅၈၃) သို့ရောက်ရှိခဲ့တဲ့အတွက် ၁ ဒသမ ၉ ရာခိုင် နှုန်းမြင့်တက်ခဲ့ပါတယ်။ ယခင်ရက်သတ္တပတ်က စားအုန်းဆီ ဈေးက ၁၀လအတွင်း အနိမ့်ဆုံးနှုန်းအထိ ကျဆင်းခဲ့ပြီးနောက် ဆက်တိုက်ပြန်လည်မြင့်တက်ခဲ့တာဖြစ်ပါတယ်။''ရင်းဂစ်တန်ဖိုး  ဆက်လက်ကျဆင်းဦးမယ့် အလား အလာနဲ့ အဓိကဝယ်လက်ကြီးတွေ ဈေးကွက်ထဲပြန်လည် ဝင် ရောက်လာတဲ့အတွက် ဝယ်သူများက   လက်ငင်းရော ကြို  ရောင်းကြိုဝယ်ဈေးကွက်များမှာပါ ဝယ်ယူဖို့ စိတ်ဝင်စားမှု ရှိလာပါတယ်။ ဈေးနှုန်းတွေက အတက်ဘက်ကို ဦးတည်နေ ပြီး ဇူလိုင်လကုန်အထိ ဆက်လက်မြင့်တက်ဦးမယ့် လက္ခဏာ ကို တွေ့ရပါတယ်''လို့  ကွာလာလမ်ပူအခြေစိုက်  ကုန်သည် တစ်ဦးက ပြောပါတယ်။မလေးရှားစားအုန်းဆီနဲ့ စားအုန်းဆီထုတ်ကုန်တင်ပို့မှု က ဇူလိုင် ၁ ရက်မှ ၂၀ ရက်အတွင်း ယခင်လကာလတူနဲ့ နှိုင်း ယှဉ်ရင် ၁၄ ရာခိုင်နှုန်း တိုးတက်လာကြောင်း ကုန်စည်စစ် တမ်းကောက်ယူရေးအဖွဲ့ Intertek Testing Service က ပြောပြီး  အခြားစစ်တမ်းကောက်ယူရေးအဖွဲ့တစ်ခုဖြစ်တဲ့Societe Generale  de Surveillance က ၁၅ ဒသမ ၃ ရာခိုင် နှုန်းမြင့်တက်မယ်လို့ ခန့်မှန်းထားပါတယ်။
မလေးရှားရင်းဂစ်က စားအုန်းဆီအခြေခံစံထား ဈေး နှုန်းသတ်မှတ်ရာမှာ   အသုံးပြုတဲ့ငွေကြေးဖြစ်ပြီး တတိယ မြောက်နေ့အဖြစ် ဆက်လက်ကျဆင်းကာ ရက်သတ္တနှစ်ပတ် အတွင်း အနိမ့်ဆုံးကို ရောက်ရှိခဲ့ပါတယ်။
ကောက်ယူထားတဲ့ စာရင်းဇယားတွေကို အခြေခံပြီး ဆန်းစစ်မှုအရ စားအုန်းဆီဈေးက အမြင့်ဆုံး၂၃၇၄ ရင်းဂစ် အထိရောက်ရှိမယ်လို့ ရိုက်တာသတင်းဌာနရဲ့ ကိန်းဂဏန်း လေ့လာဆန်းစစ်ရေးမှူး ဝမ်တာအိုက ခန့်မှန်းပါတယ်။
အခြားဟင်းရွက်ဆီ   ဈေးကွက်ဖြစ်တဲ့ တရုတ်ဒါလီယံ ကုန်စည်ဒိုင် (Dalian Commodity Exchange) မှာ စက်တင် ဘာအတွက် ပဲပုပ်ဆီကြမ်ဈေးက သုည ဒသမ ၇ ရာခိုင်နှုန်း မြင့်တက်ပြီး စားအုန်းဆီအစားထိုးစားသုံးဆီဖြစ်တဲ့ ဒါလီယံ ပဲပုပ်ဆီဈေးက ၁ ဒသမ ၆ ရာခိုင်နှုန်း မြင့်တက်ပါတယ်။

ဉာဏ်တင်