အတိုးနှုန်း မြှင့်တင်ရေးကို အလောတကြီး ပြုလုပ်မှာ မဟုတ်ကြောင်း အမေရိကန်ဗဟိုဘဏ်ပြောကြား

အမေရိကန်ပြည်ထောင်စု စီးပွားရေးမှာ အလုပ်အကိုင် အားလုံး ရရှိနိုင်လုနီးပါး တိုးတက်တဲ့ လက္ခဏာတွေ ပြသလာ ပေမယ့် ဥရောပသမဂ္ဂ (အီးယူ) မှ ဗြိတိန်နိုင်ငံထွက်ခွာဖို့ ဆုံး ဖြတ်ပြီးနောက်ပိုင်းအမေရိကန်ပြည်ထောင်စု ဗဟိုဘဏ်ရဲ့ အတိုးနှုန်းမြှင့်တင်ရေး ကိစ္စကို အဆောတလျင်ပြုလုပ်ဖို့ မဖြစ် နိုင်သေးဘူးလိ ု့ ပြည်ထောင်စုဗဟိုဘဏ်  မူဝါဒရေးဆွဲသူ သုံးဦးကပြောကြောင်း ရိုက်တာသတင်းမှာဖော်ပြပါ တယ်။
အမေရိကန်ဗဟိုဘဏ်မှ  တာဝန်ရှိသူအများစုက ယခု နှစ် အတွင်းမှာ ဗဟိုဘဏ်အတိုးနှုန်းကို  အနည်းဆုံး နှစ်ကြိမ် တိုးပေးဖို့ သဘောရှိကြောင်း ဇွန်လအတွင်းက ပြသခဲ့ကြပါ တယ်။ ဒါပေမယ့် ဇူလိုင် ၂၆ရက်နဲ့ ၂၇ ရက်မှာ နောက်တစ်ကြိမ် ကျင်းပမယ့်  အစည်းအဝေးမတိုင်မီ ယခုအချိန်မှာတော့ အတိုးနှုန်းကို မပြောင်းဘဲ ဆက်လက်ထားရှိဖို့နဲ့  လက်ရှိ အခြေအနေအတိုင်း လပေါင်းများစွာ ဆက်လက်ထားရှိလိုတဲ့ သဘောထား များကို ပြသလာပါတယ်။
စိန့်လူးဝစ်ဗဟိုဘဏ်ဥက္ကဋ္ဌ   ဂျိမ်းဘူးလတ်၊ ဒါးလက် ဗဟိုဘဏ်ဥက္ကဋ္ဌ ရောဘတ်ကက်ပလန်နဲ့ အတ္တလန္တာ ဗဟို ဘဏ်ဥက္ကဋ္ဌ ဒင်းနစ်လော့ခ်ဘတ် တို့က အတိုးနှုန်း တိုးမြှင့်ရေး ကိစ္စကို သတိထားပြီး သည်းခံဆောင်ရွက်ဖို့ ယခုရက်များ အတွင်းမှာ ပြောကြားခဲ့ပါတယ်။