ဟောင်ကောင် လက်မှတ်ရပြည်သူ့စာရင်းကိုင်များအနေဖြင့် တရုတ်ပြည်မကြီး၏ လက်မှတ်ရ ပြည်သူ့စာရင်းကိုင်လုပ်ငန်းတွင် အစုစပ်အဖွဲ့ ဝင်များ ဖြစ်လာတော့မည်

ဟောင်ကောင်မှ လက်မှတ်ရပြည် သူ့စာရင်းကိုင်များ Closer Economic Partnership Arrangement  သဘော တူညီမှု၏ တိုးချဲ့ခွင့်ပြုချက်အရ တရုတ် ပြည်မကြီး၏ စာရင်းကိုင်လုပ်ငန်းတွင်အစုစပ်အဖွဲ့ဝင် များ ဖြစ်လာနို င်တော့ မည်ဖြစ်သည်။ အစုစပ်အဖွဲ့ဝင်များဖြစ် လာစေရန် တရုတ်ပြည်မကြီးအတွင်း နှစ်စဉ်အနည်းဆုံးခြောက်လ နေထိုင်ရ မည်ဖြစ်ပြီး၊ တရုတ်တက္ကသိုလ်တစ်ခုခု၏ အသက်မွေးဝမ်းကျောင်းဆိုင်ရာ လက်မှတ်ရပြည်သူ့ စာရင်းကိုင် လက်မှတ် ပိုင်ဆိုင်သူဖြစ်ရန် လိုအပ်သည်။
ပြီးခဲ့သည့်  ကာလများတွင် ဟောင်ကောင်လက်မှတ်ရပြည်သူ့ စာရင်းကိုင်များမှာ တရုတ်ပြည်မကြီး၏ စာရင်းကိုင်လုပ်ငန်းများတွင် အစုစပ် အဖွဲ့ဝင်ဖြစ်ခွင့်မရှိဘဲ ကွမ်တုံးပြည်နယ် အခြေစိုက်စာရင်းကိုင်လုပ်ငန်းများ တွင် သာ အစုစပ်အဖွဲ့ဝင်အဖြစ် ခွင့်ပြုခဲ့သည်။CEPA  သဘောတူညီမှုတွင်  ဟောင်ကောင်၏စာရင်းစစ်လုပ်ထုံးလုပ် နည်းနှင့်တရုတ်ပြည်မကြီး၏ စာရင်းစစ် လုပ်ထုံးလုပ်နည်း စံသတ်မှတ်ချက် တူညီ သင့်ကြောင်းနှင့်၎င်းမှ တစ်ဆင့်  ဟောင် ကောင်သားများသည် တရုတ် ပြည်မကြီး ၏ စာရင်းကိုင်လုပ်ငန်းတွင်Managing partner အထိဖြစ်နိုင်ကြောင်း ဖော်ပြ ထားသည်။
သို့သော်လည်း လုပ်ထုံးလုပ်နည်း လုပ်ဆောင်ခြင်းနှင့်စီမံခန့်ခွဲမှုဆိုင်ရာ ဆုံးဖြတ်ချက်များအတွက် မဲပေးဆုံးဖြတ်  ရာတွင် မဲပေးပိုင်ခွင့်မရှိကြောင်း၊ ၎င်းင်း စာရင်းကိုင်အဖွဲ့ဝင်မှာ တရုတ်ပြည်မ ကြီး၏ ဥပဒေနှင့်လုပ်ထုံး လုပ်နည်း အတိုင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရှိရသည်။
၎င်းင်းမူဝါဒအသစ်မှာ ဟောင်ကောင် ရှိ Managing  partner  အထိ ဖြစ်နိုင် သော အရည်အချင်းပြည့်ဝသည့် မျိုး ဆက်သစ်လူငယ်များအတွက် အကျိုး ကျေးဇူးရှိခဲ့ကြောင်းShinewing  ဟောင်ကောင်လက်မှတ်ရပြည်သူ့ စာရင်း ကိုင် လီမိတက်၏ Managing partner ဖြစ်သူRoy LoWa-Kai မှ ပြော ကြားခဲ့သည်။
ဟောင်ကောင်တွင် စာရင်းကိုင် ပေါင်း ၄၀၀၀၀ ကျော်ရှိချိန်တွင် လုပ်ငန်း ပေါင်း ၁၉၀၀ တွင်သာ လုပ်ကိုင်နိုင် သောကြောင့် ယှဉ်ပြိုင်မှုမြင့်မားသော အလုပ်အကိုင်ဈေးကွက်ဖြစ်ခဲ့သည်။ တရုတ်ပြည်မကြီးတွင်မူ ရှန်ဟိုင်း၊ ရှန်း ကျင့်၊ ပေကျင်းတို့တွင် စာရင်းဝင် လုပ်ငန်းပေါင်း ၅၀၀၀ ကျော်ရှိသည့် အတွက် ဟောင်ကောင်၏ စာရင်းကိုင် များအတွက် အလုပ်အကိုင်အခွင့် အလမ်းများစွာ ဖန်တီးပေးနိုင်မည်ဖြစ် ကြောင်း
 သိရှိရပါသည်။
       ဖြူဖြူလှိုင်၊ စီးပွားရေးသံမှူး
 မြန်မာသံရုံး၊ ဟောင်ကောင်မြို့