တောင်ကိုရီးယားမှာ မေအတွင်း အိမ်သစ်ဆောက်လုပ်ခွင့်အရေအတွက် ခုနစ်ရာခိုင်နှုန်းကျော်ကျဆင်း

တောင်ကိုရီးယားနိုင်ငံမှာ  မေလ အတွင်းက  အိမ်သစ်ဆောက်လုပ်ခွင့် အရေအတွက်မှာ  ယခင်နှစ်ကာလတူနဲ့ နှိုင်းယှဉ်ပါက   ၇ ဒသမ ၃ ရာခိုင်နှုန်း တိုးတက်ခဲ့ရာ ၁၇ လအတွင်း ပထမဆုံး အကြိမ်   ကျဆင်းခဲ့ခြင်းဖြစ်ခဲ့ တယ် လို့ ဇွန် ၂၇ ရက်ကထုတ်ပြန်တဲ့    အစိုးရ ကိန်းဂဏန်းများအရ   သိရကြောင်း ယွန်းဟပ်သတင်းမှာ ဖော်ပြပါတယ်။အိမ်သစ်  ဆောက်လုပ်ခွင့်ရတဲ့ အရေအတွက်မှာ ယခင်နှစ်ကာလတူ က ၅၆၈၆၁ လုံးရှိခဲ့ရာမှ ယခုနှစ်မေမှာ ၅၂၇၁၃ လုံး ရှိခဲ့ကြောင်း   မြေယာ၊ အခြေခံအဆောက်အအုံနဲ့   သယ်ယူပို့ ဆောင်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်တဲ့ ကိန်းဂဏန်းများအရ   သိရပါတယ်။ ယခုနှစ်မေက   နှစ်အလိုက် နှိုင်းယှဉ်မှု အရ   ကျဆင်းခဲ့ခြင်းမှာ ၂၀၁၄ ခုနှစ် ဒီဇင်ဘာနောက်ပိုင်း ပထမဆုံးအကြိမ် ကျဆင်းခဲ့တာဖြစ်ပြီး    ၂၀၁၄ ခုနှစ်ဒီဇင်ဘာလကမူ ၁၇ ဒသမ ၇ ရာခိုင်နှုန်း အထိ ကျဆင်းခဲ့ပါတယ်။
အိမ်သစ်ဆောက်လုပ်ခွင့်   နှစ် အလိုက် ကျဆင်းနှုန်းမှာ အဓိကအား ဖြင့် ဆိုးလ်မြို့မက်ထရိုပိုလီတန် ဧရိယာ အတွင်းမှာ   အများဆုံးဖြစ်ခဲ့ပြီး ၂၉ ဒသမ ၇ ရာခိုင်နှုန်းအထိ ရှိခဲ့ပါတယ်။ ဆိုးလ်မြို့မက်ထရိုပိုလီတန် ဧရိယာ မှာ နေထိုင်သူက နိုင်ငံလူဦးရေ ၅၁ ဒသမ ၆ သန်းရဲ့၄၀ ရာခိုင်နှုန်းကျော်  နေထိုင် ရာဒေသဖြစ်ပါတယ်။အဆိုပါ ဧရိယာအတွင်းမှာ မြို့တော်ဧရိယာ၊ အင်ချွန်၏အနောက်ပိုင်းဒေသနဲ့  ဆိုးလ်မြို့ကို ဝန်းရံနေတဲ့ Gyeonggi  ပြည် နယ်တစ်ခု လုံး  ပါဝင်ပါတယ်။
ဒါပေမယ့် ကျေးလက်ဒေသတွေ မှာတော့    အိမ်သစ်ဆောက်လုပ်ခွင့် အရေအတွက်က  မေမှာ နှစ်အလိုက် တိုးတက်မှုနှုန်း  ၁၅ ဒသမ ၆ ရာခိုင်နှုန်း ရှိပြီး အလုံးရေ   ၃၂၄၉၂ ရှိခဲ့ကြောင်း ထုတ်ပြန်ထားတဲ့ကိန်းဂဏန်းတွေ အရ သိရပါတယ်။