ဘရက်ဇစ် အကျိုးဆက်ကြောင့် လာမယ့်သုံးနှစ်အထိ အီးယူစီးပွားရေး ဖွံ့ ဖြိုးမှုနှုန်း သုည ဒသမ ငါးရာခိုင်နှုန်း ကျဆင်းမည်ဟု ဒရပ်ဂီခန့်မှန်း
အီးယူမှ ဗြိတိန်နိုင်ငံ ထွက်ခွာဖို့ ဆုံးဖြတ်ချက် (ဘရက်ဇစ်) ကြောင့် လာ မည့်သုံးနှစ်အတွင်း အီးယူရဲ့ စီးပွားရေး ဖွံ့ဖြိုးမှုနှုန်းမှာ မူလခန့်မှန်းထားတဲ့နှုန်း အောက် နောက်ထပ် သုည ဒသမ ၃ ရာခိုင်နှုန်းသို့မဟုတ် သုည ဒသမ ၅ ရာခိုင်နှုန်း ပိုမို ကျဆင်းလာနိုင်တယ်လို့ ဗြိတိသျှဆန္ဒခံယူပွဲပြီး နောက်ကျင်းပတဲ့ အီးယူနိုင်ငံများမှ ခေါင်းဆောင်များ အစည်းအဝေးမှာ ဥရောပဗဟိုဘဏ် (အီးစီဘီ)ဥက္ကဋ္ဌမာရီယိုဒရပ်ဂီက အီးယူ ခေါင်းဆောင်များ ကို ပြောေ ကြာင်း ရိုက် တာသတင်းမှာ ဖော်ပြပါတယ်။ယူရိုဇုန်ရဲ့ စီးပွားရေးက ၂၀၁၆ ခုနှစ်မှာ ၁ ဒသမ ၆ ရာခိုင်နှုန်းနဲ့ ၂၀၁၇ ခုနှစ်နဲ့ ၂၀၁၈ ခုနှစ်တို့မှာ ၁ ဒသမ ၇ ရာခိုင်နှုန်းတိုးတက်မယ်လို့ ဇွန် ၂၃ ရက် ဗြိတိန်နိုင်ငံဆန္ဒခံယူပွဲမတိုင်မီ ဇွန်လ ဆန်းမှာအီးစီဘီက ခန့်မှန်းခဲ့ပါတယ်။
ဗြိတိန်နိုင်ငံရဲ့ စီးပွားရေး နှေး ကွေးကျဆင်းလျှင်သော် လည်းကောင်း၊ ဗြိတိန်နိုင်ငံနဲ့ ကုန်သွယ်မှု ကျဆင်းလျှင် သော်လည်းကောင်း ဖွံ့ဖြိုးတိုးတက်မှု နှုန်းက ခန့်မှန်းထားတဲ့ အောက်ကိုကျ ဆင်းနိုင်မယ်လို့ ဒရပ်ဂီ ကပြောပါ တယ် ။ စတော့ရှယ်ယာဈေးနှုန်းတွေ ကျဆင်း မယ်ဆိုရင်လည်း ယူရိုဇုန်ရဲ့ ဖွံ့ဖြိုးမှုူကို ထိခိုက်စေနိုင်တယ်လို့ ဒရပ်ဂီက အီးယူ ထိပ်သီးအစည်းအဝေးမှာ ပြောပါ တယ်။ဘရက်ဇစ်နောက် ပိုင်း အီးယူကို ထိန်းမနိုင် သိမ်းမနိုင်တဲ့ အဖွဲ့အစည်း တစ်ခုအဖြစ် ဥရောပပြင်ပမှ ပုဂ္ဂိုလ်များ က ရှုမြင်လာနိုင်တဲ့အန္တရာယ်ရှိကြောင်း လည်း ဒရပ်ဂီက ပြောပါတယ်။ အစိုးရ များက ဒီလိုစိုးရိမ်မှုတွေကို ပပျောက် သွားအောင် ပူးပေါင်းကြိုးပမ်းဆောင် ရွက်ပြီး အထူးသဖြင့် ဘဏ်လုပ်ငန်း ကဏ္ဍမှာဖြစ်ပေါ်လာမယ့် မတည်ငြိမ်မှု တွေကို ဖြေရှင်းဖို့လိုကြောင်းလည်း သူက ပြောပါတယ်။