(၂၉) ကြိမ်မြောက် ဟောင်ကောင် ကျောက်မျက် ရတနာပြပွဲ တွင် လာရောက်ကြည့်ရှုသူ နည်းပါး

(၂၉) ကြိမ်မြောက် ဟောင်ကောင် ကျောက်မျက်ရတနာပြပွဲကို ဇွန်လ ၂၂ ရက်မှ ၂၆ ရက်နေ့အထိ ဟောင်ကောင် မြို့Hong Kong Convention and Exhibition Centre  တွင်ပြသခဲ့ရာ လာရောက်ကြည့်ရှုသူနည်းပါး ခဲ့ကြောင်း သိရသည်၊အဆိုပါပြပွဲတွင် မြန်မာနိုင်ငံ အပါအဝင် အမေရိကန်၊ ဥရောပ၊အာရှ ပစိဖိတ်သမုဒ္ဒရာကျွန်းစုမှနိုင်ငံများ၊ အာဖရိကနှင့်အရှေ့အလယ်ပိုင်းဒေသ ရှိ နိုင်ငံပေါင်း ၄၁ နိုင်ငံကျော်မှ ကုမ္ပဏီ များက ပြခန်းေ ပါင်း၂၂၀၀  ကျော်လာ ရောက်ပြသခဲ့ကြကြောင်း သိရသည်။ မြန်မာနိုင်ငံမှလည်း ကုမ္ပဏီ ပေါင်း ၁၀ ခုလာရောက်ပြသခဲ့ကြသည်။ပြပွဲကျင်းပရခြင်း ၏ ရည်ရွယ်ချက် မှာ နိုင်ငံတကာမှ ကျောက်မျက်ရတနာ ကုမ္ပဏီများ ကွန်ရက် ချိတ်ဆက်မှု အတွက် ပြိုင်ဖက်မရှိအခွင့်အလမ်းများ ရရှိစေရန်၊ နိုင်ငံတကာသို့ ဈေးကွက်ချဲ့ ထွင်ရာတွင် ပြပွဲမှတစ်ဆင့်လက်ရှိဈေး ကွက်အခြေအနေများ နားလည်သိရှိစေ ရန်၊ ကမ္ဘာတစ်ဝန်းမှ အရေးပါသောဝယ် လက် များ ကို ဆွဲဆောင်နိုင်စေရန်နှင့် ပြည်ပကျောက်မျက်ရတနာပြပွဲများမှ တစ်ဆင့် အဓိကအရေးပါသော လူထု ဆက်သွယ်ရေးလမ်းကြောင်းများမှ          အရောင်းမြှင့်တင်မှုအရှိန်မြင့်တက်လာစေ ရန်အတွက်ဖြစ် သည်။ ပြပွဲမှဝယ်ယူ သူများ အတွက်သာမကပြပွဲခင်းကျင်း ပြသသူအတွက်ပါ ဂုဏ်သတင်းကြီးမား ခြင်း၊ ဝယ်လက်မိတ်များရှာနိုင်ခြင်း စသည့်အကျိုးကျေးဇူးများ ရရှိနိုင်ရန်ရည်ရွယ်ကျင်းပခဲ့ခြင်းဖြစ်သည်။ ယခုကျင်းပသော  ဟောင်ကောင် ကျောက်မျက် ရတနာပြပွဲမှာ အာရှ၏ ထိပ်တန်းအရည်အသွေးမြင့် ကျောက်  မျက်ရတနာပြပွဲသုံးပွဲအနက်တစ်ခုဖြစ် သည်။ ပြပွဲအား ကြီးမှူး ကျင်းပသော ကုမ္ပဏီမှာစီးပွားရေးလုပ်ငန်း အချင်း ချင်းချိတ်ဆက်ဆောင်ရွက်ပေးသော ကမ္ဘာ့ဦးဆောင်ဦးရွက်ပြု ကုမ္ပဏီတစ်ခု ဖြစ်ပြီး ပြပွဲများကျင်းပခြင်းနှင့် ဈေးကွက် ရောင်းအားမြှင့်တင်ခြင်းစသော လုပ်ငန်း များကို လုပ်ကိုင်သောUBM ဖြစ်သည်။
မြန်မာနိုင်ငံ မှ လာရောက်ပြသ သော ကုမ္ပဏီများ၏ အခက်အခဲများ အနေဖြင့် မြန်မာနိုင်ငံမှ တွင်းထွက် ကျောက်မျက်ရတနာများအား အလွတ် သယ်ဆောင်ခွင့်မပြုသည့်အတွက် ပြပွဲ မတိုင်မီ တစ်လခန့်ကြို တင် ၍ ပန်းထိမ် အပ်ရကြောင်း၊ ဟောင်ကောင်မှဝယ် လက်များအနေဖြင့် မြန်မာနိုင်ငံမှ တွင်းထွက်ကိုမြတ်နိုးသော်လည်း လက် ဝတ်ရတနာအနေဖြင့် မြန်မာဒီဇိုင်းမှာ ဈေးကွက်မှလက်ခံနိုင်မှုနည်းပါးကြောင်း၊ တစ်ဖန်ပြပွဲမတိုင်မီ အထည် မှကျောက်များ ပြန်လည်ခွာထုတ်ရ၍ အချိန်ကုန်ပြီး ကျောက်များမှာလည်း အနာအဆာရှိခဲ့ ကြောင်း ကုမ္ပဏီများ၏ ပြောကြားချက်အရ သိရှိခဲ့ရပါသည်။
    

   ဖြူဖြူလှိုင်၊ စီးပွားရေးသံမှူး
 မြန်မာသံရုံး၊ ဟောင်ကောင်မြို့