အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံအား စိုက်ပျိုးရေးလုပ်ငန်းသုံးစက်ကိရိယာ များနှင့် စိုက်ပျိုးရေးနည်းပညာများ ကူညီထောက်ပံ့ ပေးမည်ဟုဆို

မေ ၁၈ ရက်မှ ၂၀ ရက်အထိ မြန်မာနိုင်ငံတွင် ကျင်းပခဲ့သည့် ှုညိငေ ပြညောမေ ကြျငညနျျ ဃသညခူလေန တွင်  အိန္ဒိယနိုင်ငံ၏ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီး နီမာလာစီသာရာ မန်ကနှစ်နိုင်ငံဆက်ဆံေ ရး တိုးမြှင့်ရန် အတွက် အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံ ၏ ပြည်သူ့ရေးရာကျန်းမာရေးနှင့်စိုက် ပျိုးထုတ်လုပ်မှု မြှင့်တင်ခြင်းတို့တွင် လိုအပ်သည့် အထောက်အပံ့များကို စီစဉ်ပေးရန် ကမ်းလှမ် းခဲ့ကြောင်း၊ မြန်မာနိုင်ငံ ၏ အော်ဂဲနစ်စိုက် ပျိုးရေးနှင့် စဉ်ဆက်မပြတ်တိုးတက်နေသည့် စိုက် ပျိုးရေးလုပ်ငန်း၏ အောင်မြင်မှုကို ချီး ကျူးပြောကြားခဲ့ပြီး၊ အိန္ဒိယနိုင်ငံအနေ ဖြင့် စိုက်ပျိုးထုတ်လုပ်မှုမြှင့်တင်ရာ၌နည်းပညာနှင့်စိုက်ပျိုးရေးကိရိယာများ စီစဉ်ပေးခြင်းအားဖြင့် ပူးပေါင်းဆောင် ရွက်နိုင်ပါကြောင်း၊ ဆေးဝါးကဏ္ဍတွင် လည်း အထူးသဖြင့် ပြည်သူ့ကျန်းမာရေး အတွက် အိန္ဒိယအနေဖြင့် တက်ကြွစွာပူးပေါင်းနိုင်ပါကြောင်း၊ ချည်မျှင်၊ အထည်အလိပ်၊ သတင်းအချက်အလက် နည်း ပညာနှင့်မော်တော်ကား စက်မှု လုပ်ငန်းများ၌ နှစ်နိုင်ငံပူးပေါင်း ဆောင် ရွက်နိုင်ပါကြောင်း နီမာလာစီသာရာမန်ကပြောကြား ခဲ့ကြောင်းသိရပါသည်။စီသာရာမန်သည် မြန်မာနိုင်ငံမှ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည် ထောင်စု ဝန်ကြီး ဦးဝင်းခိုင်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဒေါက်တာသန်းမြင့် နှင့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်ချိုတို့နှင့် တွေ့ဆုံ ဆွေးနွေးခဲ့ရာစီသာရာမန်က ပဲမျိုးစုံ ဝယ်ယူရေး၊ အိန္ဒိယဆေးဝါးထုတ်ကုန် များနှင့် ဆေးကုမ္ပဏီများ အလွယ်တကူ ဝင် ရောက်ရင်းနှီးမြှုပ်နှံနိုင်ရေး၊ အခြေခံ အဆောက်အအုံကဏ္ဍများတွင် အိန္ဒိယ ကုမ္ပဏီများ ရင်းနှီးမြှုပ်နှံမှုပြုရေး၊ နယ်စပ်ဒေသအခြေခံအဆောက်အအုံ များ အဆင့်မြှင့်တင်ရေးတို့ကို ဆွေးနွေး ခဲ့ကြသည်။ မြန်မာနိုင်ငံမှလည်း ပြည်သူ့ ရေးရာနှင့်ပုဂ္ဂလိကကဏ္ဍ နှစ်ရပ်စလုံး အတွက် ကျွမ်းကျင်မှုဆိုင်ရာ ဖွံ့ဖြိုးတိုး တက်ရေး၊ စွမ်းရည်တည်ဆောက်ရေး နှင့်သင်တန်းများတွင် ပူးပေါင်းဆောင် ရွက်ရေးတို့ကို တောင်း ဆိုခဲ့ပြီးအိန္ဒိယမှ လည်း ဦးစားပေးနယ်ပယ်များတွင် အထောက်အပံ့ပေး မည်ဟု ပြောကြားခဲ့ ကြောင်း သိရပါ သည်။