အာဆီယံမှာ ဂျပန်နိုင်ငံရဲ့ အခန်းကဏ္ဍကို မြှင့်တင်ပြီး သြဇာအာဏာ ကြီးထွားလာတဲ့ တရုတ်နိုင်ငံကို စိန်ခေါ်

အရှေ့တောင်အာရှ၏ စီးပွားရေးကြွယ်ဝချမ်းသာမှုမှာ ဂျပန် နိုင်ငံအတွက်လည်း အရေးကြီးကြောင်းနှင့် နောက်ထပ် သုံးနှစ်အတွင်း ငွေကြေးထောက်ပံ့မှုအနေဖြင့် ဂျပန်ယန်း ၇၅၀ ဘီလီယံ သုံးစွဲ သွားမည်ကိုလည်း ထိုင်းနိုင်ငံ၊ ချူလာလောင်ကွန်းတက္ကသိုလ်၌ ထပ်လောင်းပြောဆိုခဲ့သည်။အဆိုပါခြေလှမ်းစတင်မှုသည် အရှေ့တောင်အာရှနှင့ ဂျပန် နိုင်ငံတို့အကြား ငွေကြေးထောက်ပံ့မှုမှတစ်ဆင့် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှုနှင့် အခြေခံ အဆော က် အဦတည်ဆောက်ရေးတို့ တွင် ဆက်သွယ်ချိတ်ဆက်မှုကို အထောက်အကူပြုသွားလိမ့်မည်ဖြစ် ကြောင်း၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန် လမ်း၊ တံတားများ တည်ဆောက်ခြင်းဖြင့် လူမှုဖွံ့ဖြိုးရေးနှင့် ကုန်ပစ္စည်းစီးဆင်းမှုတို့ အပေါ် အထောက်အကူပြုနိုင်မည်ဖြစ်ပြီး၊ ဂျပန်နိုင်ငံအနေဖြင့်လည်း အခြေခံအဆောက်အဦ တည်ဆောက်ရေးတွင်သာမက ကျန်ကဏ္ဍ များတွင်လည်း ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထည့်သွင်း ပြောကြားခဲ့ပါသည်။ ထိုင်းနိုင်ငံသည် တိုယိုတာနှင့် ဟွန်ဒါတို့အတွက်  အဓိကကုန်ထုတ်လုပ်ပေးသူနှင့် ကုန်တင်ပို့သူလည်း ဖြစ်လာခဲ့ပေ သည်။ ထို့ အပြင် မဲခေါင်ဒေသတွင် းနိုင်ငံများနှင့်  ပူးပေါင်းဆောင်ရွက် ရေးအတွက်  ဂျပန်ယန်း ၇၅၀ ဘီလီယံ ကိုလာမည့် သုံးနှစ်အတွင်း သုံးစွဲသွားမည်မှာ သေချာကြောင်း၊ အသေးစိတ်အစီအစဉ်အား မကြေညာထားသေးသော်လည်း မဲခေါင်ဒေသတွင်းနိုင်ငံများနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်မှုအစီအစဉ်များ အပါအဝင် အသေးစိတ်ပြင် ဆင်မှု များအတွက် မူဘောင်တစ်ခု အား အတူတကွရေးဆွဲဖန်တီး သွားမည်ဖြစ်ကြောင်း၊ တရုတ်၊ ဗီယက်နမ်၊ ဖိလစ်ပိုင်နှင့် အခြားသော နယ်မြေပိုင်နက် အငြင်းပွားနေသော နိုင်ငံများပါဝင်သည့် တောင် တရုတ်ပင်လယ်ပိုင်နက် အငြင်း ပွားမှု အေးချမ်းတည်ငြိမ်ခဲ့ ပါကကြွယ်ဝချမ်းသာမှု အလား အလာကောင်းများ ရရှိနိုင်ကြောင်းကိုလည်း ၎င်းင်းက ပြောဆိုခဲ့ပါ သည်။
ထိုဒေသအနေဖြင့် အကြမ်းဖက်မှုများ၊ အစွန်းရောက်မှုများ၊ ပင်လယ်ရေကြောင်းသွားလာမှုနှင့် ပတ်သက်ပြီး၊ လုံခြုံစိတ်ချ သေချာ  စေရန်လိုအပ်ကြောင်း၊ အာဆီယံမိတ်ဖက်နိုင်ငံများ အနေဖြင့် ထိုကဲ့သို့သော အကြောင်းကိစ္စရ ပ်များ ကို ရင်ဆိုင်နေရပြီး၊  အတူတကွ ရင်ဆိုင်သွားရန်နှင့် ရေရှည်တည်ငြိမ်အေးချမ်းရေးကိုလည်း ထိန်းသိမ်း သွားရန်လိုအပ်ကြောင်းနှင့် ထိုကဲ့သို့ အကောင် အထည်ဖော်ရာတွင် အခြေခံကျသည့်ဥပဒေကိစ္စရပ်များနှင့် အပြန် အလှန် နားလည်မှု ဆိုင်ရာအကြောင်းအချက်များကို ထည့်သွင်းစဉ်းစားသွားရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။