အိန္ဒိယနိုင်ငံက ပဲစင်းငုံနှင့် မတ်ပဲတင်သွင်းခွင့်ပြုသည့် ကာလတိုးမြှင့်

Mon, 01/10/2022 - 06:33 -- admin_ygn

အိန္ဒိယကူးသန်းရောင်းဝယ်ရေးနှင့်စက်မှုဝန်ကြီးဌာနသည် ပဲစင်းငုံ၊ ပဲတီစိမ်းနှင့်မတ်ပဲတို့အား ကန့်သတ်ကုန်စည်အဖြစ်မှလွတ်လပ်စွာ (Free)တင်သွင်းခွင့်ပြုသည့်ကုန်စည်အဖြစ်သို့ ပြောင်းလဲသတ်မှတ်လျက် တင်ပို့ရာဒေသ၌ Bill of Loadingထုတ်ပေးခြင်းကို ၃၁-၁၂-၂၀၂၁ရက်အထိလည်းကောင်း၊ အိန္ဒိယဆိပ်ကမ်းများ၌ ကုန်စည်များအား  ဆိပ်ကမ်းရှင်းလင်းခြင်းကို၃၁-၁- ၂၀၂၂ ရက်နောက်ဆုံးထား၍လည်း ကောင်း တင်သွင်းခွင့်ပြုခဲ့သည်။ယခုအခါ အိန္ဒိယကူးသန်းရောင်းဝယ်ရေး ဌာနသည်   ၂၀-၁၂-၂၀၂၁ ရက်တွင်  ပဲတီစိမ်းတင်သွင်းမှုအတွက်အမိန့်ကြော်ငြာစာ  အမှတ်  S.O. 5317(E) ကိုလည်းကောင်း၊ မတ်ပဲနှင့် ပဲစင်းငုံတင်သွင်းခြင်းအတွက်  အမိန့် ကြော်ငြာစာအမှတ်S.O. 5318(E) အားလည်းကောင်း ထုတ်ပြန်လျက် အဆိုပါပဲများအား လွတ်လပ်စွာတင်သွင်းခွင့်ပြု သည့်ကာလကို ၃၁-၃-၂၀၂၂ ရက်အထိတိုးမြှင့် သတ်မှတ်လိုက်သည်။ အဆိုပါ အမိန့်ကြော်ငြာစာ များတွင် ၃၁-၃-၂၀၂၂ ရက် မတိုင်မီ တင်ပို့ရာဆိပ်ကမ်းမှ Bill of Loading ထုတ်ပေးခဲ့ပါကအိန္ဒိယနိုင်ငံရှိ ဆိပ်ကမ်းများတွင်အကောက်ခွန်နှင့် ဆိပ်ကမ်း ရှင်းလင်းမှုလုပ်ငန်းများကို ၃၀-၆-၂၀၂၂ ရက်  နောက်ဆုံးထား၍ ဆောင်ရွက်ခွင့်ပြုမည် ဖြစ် ကြောင်း ဖော်ပြထားသည်။အိန္ဒိယ အစိုးရက  အဓိက ပဲသုံးမျိုးအား လွတ်လပ်စွာတင်သွင်းခွင့်ကာလ   တိုးမြှင့်ခဲ့မှု အပေါ်  ပဲကုန်သည်အသိုင်းအဝိုင်းက ကြိုဆိုလျက် ရှိကြသော်လည်း ပြည်ပမှပဲများ ဈေးနှုန်းသက်သာ စွာဖြင့် ဝင်ရောက်လာပါက ၎င်း တို့၏ ဝင်ငွေရရှိမှုအား ထိခိုက်မှုရှိလာနိုင်မည့်အရေးကို ပြည်တွင်း စိုက်ပျိုးထုတ်လုပ်သူများက စိုးရိမ်မကင်း ဖြစ်ပေါ်လျက်ရှိကြသည်။Kalaburgi ရှိကာနာတကာပရာဒေ့ရှ် ပဲစင်းငုံစိုက်ပျိုးသူများအသင်းဥက္ကဋ္ဌ  Mr Basa-varaj Ingin က အစိုးရ၏ ယခုဆောင်ရွက်ချက်မှာ ကောင်းမွန်သည့် ဆုံးဖြတ်ချက်ဟု မဆိုနိုင်ကြောင်း၊ပဲများလွတ်လပ် စွာ တင်သွင်းခွင့်ပြုခြင်းသည် ယခု နှစ်၌ စိုက်ပျိုးထုတ်လုပ်သူများအတွက် ထိခိုက်မှု ဖြစ်စေရုံသာမက   နောင်လာ မည့် သီးနှံ ရာသီ၌ စိုက်ပျိုးထုတ်လုပ်မှုအပေါ်ကိုလည်း သက်ရောက် မှုရှိကြောင်း၊   သို့ဖြစ်ရာ အစိုးရအနေဖြင့် အရေ အတွက်အရ  ကန့်သတ်မှုအချို့ကို လုပ်ဆောင် သင့်ကြောင်း ပြောဆိုသည်။တန်ဇန်းနီးယား နိုင်ငံပဲမျိုးစုံ ကွန်ရက် (Tanzania Pulses Network)၌  တွဲဖက်ပူးပေါင်း ဆောင်ရွက်ရေးမှူးအဖြစ် တာဝန်ယူ လျက်ရှိ သောMr Zirack Andrew   အိန္ဒိယအစိုးရ၏  ပဲများ လွတ်လပ်စွာ တင်သွင်းခွင့်ကာလ တိုးမြှင့်ကြောင်း ကြေညာချက်မှာ ၎င်းတို့အတွက် သတင်း ကောင်းပင်ဖြစ်ကြောင်း၊ ကနေဒါနိုင်ငံနှင့် မြန်မာနိုင်ငံတို့၏ နောက်၌ အိန္ဒိယ၏  တတိယမြောက် ပဲအများဆုံး တင်သွင်းရာ  နိုင်ငံအဖြစ်   ရောက်ရှိလာခဲ့သော တန်ဇန်းနီးယားရှိ ပို့ကုန်လုပ်ငန်း ရှင်များ အတွက် အိန္ဒိယနိုင်ငံနှင့် ဆက် စပ်၍  စီးပွားရေးလုပ်ဆောင် ရန် ယုံကြည်မှုကို ပြန်လည်မြှင့်တင်ရာ၌အထောက် အကူပြုကြောင်း ပြောဆိုသည်။မြန်မာနိုင်ငံ၌ ပဲမျိုးစုံတင်ပို့မှုကို လုပ်ဆောင် လျက်ရှိသော  OATA  ကုန်သည်အသင်း ဥက္ကဋ္ဌ MrVatsalLilani ကလည်း အိန္ဒိယအစိုးရ၏ ယခု လုပ်ဆောင်ချက်သည်   ကုန်သွယ်မှုလုပ်ငန်းများ တည်ငြိမ်မှုရရှိစေသကဲ့သို့ စဉ်ဆက်မပြတ် ကုန်စည်ပို့ဆောင်နိုင်ရေးအတွက်လည်း  အထောက် အပံ့ပြုကြောင်း၊ ထို့ပြင် အိန္ဒိယနှင့်ပဲ      တင်ပို့သည့် နိုင်ငံများ၌ ဈေးနှုန်းတည်ငြိမ်မှုကိုလည်း သေချာ ခိုင်မာစေကြောင်း၊ အိန္ဒိယအာဏာပိုင်များ၏ ယခု ကဲ့သို့ လက်တွေ့ ကျသော ကုန်သွယ်ရေးမူဝါဒ ချမှတ်ဖော်ဆောင်မှုကို မြန်မာကုန်သည်အသိုင်း အဝိုင်းကလည်း ဝမ်းမြောက်စွာ ကြိုဆိုကြောင်းဖြင့် ပြောဆိုသည်။        

  နေအေးလွင်(စီးပွားရေးသံမှူး)
မြန်မာသံရုံး၊ နယူးဒေလီမြို့။

International Trade News

Pages