အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုအခြေခံသင်တန်း အမှတ်စဉ် (၆) သင်တန်းဖွင့်ပွဲအခမ်းအနားကို ဒုတိယဝန်ကြီး ဦးညွန့်အောင်မှ တက်‌ရောက်၍ ဖွင့်လှစ်ပေးခဲ့ခြင်း

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန (ရန်ကုန်တိုင်း ဒေသကြီးရုံး) တွင်  အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုအခြေခံသင်တန်း (စနေ၊ တနင်္ဂနွေ) အမှတ်စဉ် (၆) သင်တန်းဖွင့်ပွဲအခမ်းအနားကို ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက် နံနက် (၀၈:၃၀) နာရီအချိန်တွင် ပြုလုပ်ခဲ့ရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီး ဦးညွန့်အောင် တက်‌ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

   သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့်အတူ ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများမှန်ကန်မြန်ဆန်ရေးလုပ်ငန်းကော်မတီမှ အတွင်းရေးမှူး ဦးမိုးမြင့်၊  ဝန်ကြီးဌာနလက်အောက်ရှိ ဦးစီးဌာနများမှ အဆင့်မြင့်အရာရှိကြီးများ၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) မှ ဒုတိယဥက္ကဌ ဒေါက်တာမျိုးသက် နှင့် အသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ အပြည်ပြည်ဆိုင်ရာကုန်သွယ်မှု အခြေခံ သင်တန်းအမှတ်စဉ် (၁) မှ (၁၂) ထိ သင်တန်းသားအဟောင်းများ၊ အပြည်ပြည်ဆိုင်ရာကုန်သွယ်မှု အခြေခံသင်တန်း (စနေ၊ တနင်္ဂနွေ) အမှတ်စဉ် (၆) သင်တန်းနည်းပြများနှင့် သင်တန်းသားများ တက်ရောက်ခဲ့ကြပါသည်။

   အဆိုပါသင်တန်းမှာ သင်တန်းကာလ (၄) လခန့်ကြာမြင့်မည်ဖြစ်ပြီး၊ သင်တန်းသား/သူ (၇၅) ဦး တက်ရောက်မည်ဖြစ်ပါသည်။