ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် (၅) ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲနှင့် (၂၅) ကြိမ်မြောက် တရုတ် (ကူမင်း) ပို့ကုန်သွင်းကုန် ကုန်စည်ပြပွဲသို့ တက်ရောက်ရန် ထွက်ခွာ

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့တွင် ၂၀၁၈ ခုနှစ်၊ ဇွန်လ ၁၄ ရက်နေ့မှ ၂၀ ရက်နေ့အထိ ကျင်းပမည် (၅) ကြိမ် မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲနှင့် (၂၅) ကြိမ်မြောက် တရုတ် (ကူမင်း) ပို့ကုန် သွင်းကုန် ကုန်စည်ပြပွဲသို့ တက်ရောက်ရန် ဇွန်လ ၁၃ ရက်နေ့၊ နံနက် ၀၉း၅၀ နာရီအချိန်တွင် မန္တလေးမြို့၊ တံတားဦးအပြည်ပြည်ဆိုင်ရာလေဆိပ်မှ ကူမင်းမြို့သို့ ထွက်ခွာသွားခဲ့ကြောင်း သတင်းရရှိသည်။