ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် Quarantine နှင့်ပတ်သက်၍ စစ်ဆေးဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်နေ့၊ နံနက် ၁၁း၀၀ နာရီအချိန်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သော နယ်စပ်ဒေသများတွင် မြန်မာနိုင်ငံ၏ နယ်စပ်ဝင်ပေါက်/ ထွက်ပေါက်များမှ လူ၊ ကုန်ပစ္စည်းများ၊ အပင်မျိုးစေ့နှင့် တိရိစ္ဆာန်များ၊ စားသောက်ကုန်များ ဖြတ်ကျော်ဝင်ရောက်လာမှုများကို စစ်ဆေးဆောင်ရွက်သွားမည့် Quarantine နှင့်ပတ်သက်၍ စစ်ဆေးဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းမြင့် တက်ရောက် အမှာစကားပြောကြား