အင်္ဂလိပ်ဘာသာ အခမ်းနားမှူး စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း အမှတ်စဉ် (၁/၂၀၂၆)

၁။           စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနတွင် “အင်္ဂလိပ် ဘာသာ အခမ်းနားမှူး စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း အမှတ်စဉ် (၁/၂၀၂၆)” ကို ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက်နေ့မှ  ၂၄ ရက်နေ့ အထိ (၈) ရက်ကြာ ရုံးဖွင့်ရက်များတွင် နံနက် (၁၀:၃၀) နာရီမှ (၁၂:၀၀) နာရီ အထိ ဧရာဝတီခန်းမ၌ ဖွင့်လှစ် ပို့ချလျက်ရှိပါသည်။

၂။            အဆိုပါသင်တန်းတွင် ကုန်သွယ်ရေးဦးစီးဌာန၊ အရာထမ်း၊ အမှုထမ်း စုစုပေါင်း(၁၇) ဦးတို့ တက်ရောက်ပြီး သင်တန်းနည်ပြများအဖြစ် ကုန်သွယ်ရေးဦးစီးဌာန၊ WTO နှင့် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုနှင့်ဆက်နွယ်နေသောအဖွဲ့အစည်းများဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဦးဇာနည်မြင့်ဆွေ၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်တိုးတိုးဝင်း၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခိုင်မြတ်မြတ်ခိုင် နှင့် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ဆုလှိုင် တို့က အခမ်းနားမှူးတစ်ဦး၏ တာဝန်ဝတ္တရားများ၊ သံတမန်ရေးရာနှင့် ရုံးဌာနကျင့်ဝတ်များ၊ အသံအနေအထားနှင့် လက်တွေ့ဆောင်ရွက်မှုများကို သင်ကြားပို့ချမည်ဖြစ်ပါသည်။