“ဒီဂျစ်တယ်ဈေးကွက်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ” တက်ရောက်ခြင်း

၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက်မှ ၂၅ ရက်အထိ ဖိလစ်ပိုင်နိုင်ငံ၊မနီလာမြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် ဒီဂျစ်တယ်ဈေးကွက်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ” သို့  မြန်မာနိုင်ငံမှ ကိုယ်စားလှယ်များအဖြစ် မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်မှ အဖွဲ့ဝင် ဒေါက်တာသီတာစန်းနှင့် ကော်မရှင်ရုံးများ အရာထမ်း (၂) ဦး ပါဝင်တက်ရောက်ဆွေးနွေးခဲ့ပါသည်။ အဆိုပါအလုပ်ရုံဆွေးနွေးပွဲတွင် ဒစ်ဂျစ်တယ်ဈေးကွက်များ၏ သဘောသဘာဝ၊ နည်းပညာ ဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ ဖြစ်ပေါ်လာသည့် ယှဉ်ပြိုင်မှုဆိုင်ရာ ပြဿနာများ၊ ဈေးကွက်လွှမ်းမိုးမှု အခြေအနေများနှင့် ယင်းတို့ကို ဥပဒေ၊ မူဝါဒများဖြင့် မည်သို့ထိန်းကျောင်းနိုင်သည်ကို နိုင်ငံတကာ အတွေ့အကြုံများနှင့် နှိုင်းယှဉ်ဆွေးနွေးခဲ့ကြပါသည်။