မောတောင်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုအခြေအနေ

မောတောင်ကုန်သွယ်ရေးစခန်းအနေဖြင့် ၂၀၂၄ ခုနှစ်၊ ဧပြီလ(၂၄) ရက်နေ့မှ (၂၇)ရက်နေ့အထိ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၁.၀၁၄၅) သန်း၊ သွင်းကုန်တန်ဖိုး အမေရိကန် ဒေါ်လာ (၀.၀၅၆၆) သန်း၊ စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ (၁.၀၇၁၁) သန်း ကုန်သွယ်မှု ဆောင်ရွက် နိုင်ခဲ့ ပါသည်။

မောတောင်ကုန်သွယ်ရေးစခန်းမှ ဧပြီလ(၂၄) ရက်နေ့ မှ (၂၇) ရက်နေ့ အထိ လယ်ယာထွက်ကုန် ပစ္စည်းအနေဖြင့် ကြက်သွန်နီ (၄၃၄.၆) တန်၊ တန်ဖိုး (၀.၁၅၈၅) ဒေါ်လာသန်း၊ ငရုတ်သီး (၅၆၅.၈၆၄) တန်၊ တန်ဖိုး (၀.၄၁၀၄) ဒေါ်လာသန်း၊ စက်မှုကုန်ချောပစ္စည်း အနေဖြင့် တံမြက်စည်း (၁၇၀၀၀) U၊ တန်ဖိုး (၀.၀၀၅၄) ဒေါ်လာသန်း၊ ရေထွက်ကုန်ပစ္စည်း အနေဖြင့် ငါးမျိုးစုံ၊ ပုစွန်၊ ကဏန်း၊ ကင်းမွန်နှင့် အခြားရေထွက် ပစ္စည်းများ (၃၁၄.၂၂၀) တန်၊ တန်ဖိုး (၀.၄၄၀၂) ဒေါ်လာသန်း တင်ပို့နိုင်ခဲ့ပါသည်။ သွင်းကုန် တင်သွင်းမှုအနေဖြင့် သစ်သီးမျိုးစုံ (၈.၅) တန် တန်ဖိုး (၀.၀၀၂၂) ဒေါ်လာသန်း၊  ကြွေပြား (၃၂၃၂) M2၊ တန်ဖိုး (၀.၀၀၇၅) ဒေါ်လာသန်း၊ ကျောက်ပြား (၂၄၈.၂၁၅) တန်၊ တန်ဖိုး (၀.၀၄၄၂) ဒေါ်လာသန်း၊ ဖိနပ် (၁၄၄၀၀) ရံ၊ တန်ဖိုး (၀.၀၀၁၆) ဒေါ်လာသန်း၊ ကော်ဇော (၂)တန်၊ တန်ဖိုး (၀.၀၀၁၁) ဒေါ်လာသန်း တင်သွင်း ခဲ့ပါသည်။ 

          မောတောင်ကုန်သွယ်ရေးစခန်း အဓိကတင်ပို့လျက်ရှိသည့်   ပို့ကုန်ပစ္စည်းများ၏ (၁) တန်ဈေးနှုန်း များမှာ ငါးမျိုးစုံ (၈၄၅.၄၆၄) ဒေါ်လာနှုန်း၊ ပုစွန် (၂၂၅၁၂.၉၇၂) ဒေါ်လာနှုန်း၊ ကဏန်း (၂၀၁၈၀.၈၈၆) ဒေါ်လာနှုန်း၊ ကင်းမွန် (၁၆၄၉.၂၃၀) ဒေါ်လာနှုန်း၊ ကြက်သွန်နီ (၃၆၄.၇၀၃) ဒေါ်လာနှုန်း၊ ငရုတ်သီး (၇၂၅.၂၆၃) ဒေါ်လာနှုန်း၊ တံမြက်စည်း (၀.၂)  ဒေါ်လာနှုန်း ဖြစ်ပါသည်။

          မောတောင်ကုန်သွယ်ရေးစခန်းအဓိကတင်သွင်းလျက်ရှိသည့် သွင်းကုန်ပစ္စည်းများ၏ (၁) တန်ဈေး နှုန်းမှာ - သစ်သီး (၂၅.၈၂၃) ဒေါ်လာနှုန်း၊  ကြွေပြား (၂.၃၂) ဒေါ်လာနှုန်း၊ ကျောက်ပြား (၁၇၈.၀၇၁) ဒေါ်လာနှုန်း၊ ဖိနပ် (၀.၁၁) ဒေါ်လာနှုန်း ဖြစ်ပါသည်။

          မြိတ်မှ မောတောင်သို့ ကုန်စည်သယ်ယူစရိတ်အနေဖြင့် ယာဉ် (၁) စီးလျှင် ကုန်ကျစ် (၇၀၀,၀၀၀) ကျပ်နှင့် ကုန်ပွ (၇၀၀,၀၀၀) ကျပ် ဝန်းကျင်ရှိကြောင်း သိရှိရသည်။ လက်ရှိတွင် မြိတ် - တနင်္သာရီ - မောတောင် ကုန်သွယ်မှုလမ်းကြောင်း ကောင်းမွန်လျက်ရှိပါသည်။