မြဝတီကုန်သွယ်ရေးဇုန်၏ ကုန်သွယ်မှုအခြေအနေ

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်နေ့

မြဝတီကုန်သွယ်ရေးဇုန်မှ တစ်ဖက်နိုင်ငံနှင့် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုများ ဆောင်ရွက် လျှက်ရှိရာ (၂၅ -၁၁-၂၀၂၃) ရက်နေ့မှ (၂၇-၁၁-၂၀၂၃) ရက်နေ့ထိ ပို့ကုန်တင်ပို့မှုအနေဖြင့် လယ်ယာ ထွက်ကုန်ပစ္စည်းများဖြစ်သည့် ငရုတ်၊ ဂေါ်ဖီ၊ ကြက်သွန်နီ၊ ရေထွက်ပစ္စည်းများဖြစ်သော ငါးကြင်းဆီ ဖောင်းခြောက်၊ ကဏန်း၊ ပုစွန်၊ ငါးကြိတ်သား၊ ငါးပါးလျှပ်၊ ငါးမွှေထိုး၊ ကျောက်ငါး၊ ငါးသင်ဖြူး၊ ငါးခွေးလျှာ၊ တွင်းထွက်ပစ္စည်းများ ဖြစ်သော ခဲ/သတ္တုများ နှင့် CMP ပစ္စည်းများကို တင်ပို့ခဲ့ပါသည်။ 

              (၂၅-၁၁-၂၀၂၃) ရက်နေ့မှ (၂၇-၁၁-၂၀၂၃) ရက်နေ့ထိ အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်း များမှာ ငရုတ်၊ ကြက်သွန်နီ၊ ရေထွက်ပစ္စည်းများနှင့် CMP ပစ္စည်းများဖြစ်ပါသည်။

              ယခုအခါ ထိုင်းနိုင်ငံမှ စားသောက်ကုန်လုပ်ငန်းများ တွင်ကျယ်စွာ ဆောင်ရွက်လာမှုနှင့်အတူ အသုံးပြုရန်လိုအပ်ချက်ကြောင့် စားသောက်ကုန်ပစ္စည်း ကုန်ကြမ်းဝယ်လိုအား မြင့်တက်နေ၍ လတ်တလော ကာလများတွင် ပိုမိုတင်ပို့နိုင်ခဲ့ပါသ ည်။

              ပုပ်သိုးပျက်စီးလွယ်သည့် ရေထွက်ကုန်ပစ္စည်းများ၊ ကုန်စိမ်း ပို့ကုန်များဖြစ်သည့် ကြက်သွန်နီ နှင့် ငရုတ်များကို လွယ်ကူလျင်မြန်စွာ တင်ပို့နိုင်ရေးအတွက် ကုန်ပစ္စည်း စစ်ဆေးမှုများတွင် ဦးစားပေး ဆောင် ရွက်ပေးလျက်ရှိပါသည်။

              (၂၅-၁၁-၂၀၂၃) ရက်နေ့မှ (၂၇-၁၁-၂၀၂၃) ရက်နေ့ထိ သွင်းကုန်ပစ္စည်းတင်သွင်းမှုအနေဖြင့် တိရိစ္ဆာန်အစာ၊ စက်ဘီး၊ အဝတ်အထည်၊ စာရေးကိရိယာ၊ ကားအပိုပစ္စည်း၊ ဆောက်လုပ်ရေးလုပ်ငန်း သုံးပစ္စည်းများနှင့်ယာဉ်ယန္တရားများ၊ ဓာတ်မြေဩဇာ၊ ဆိုင်ကယ်အပိုပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ စားသောက် ကုန်၊ အလှကုန်ပစ္စည်း၊ CMP ၊ ဆေးဝါးများ၊ ဖိနပ်၊ သစ်သီးမျိုးစုံ၊ အိမ်သုတ်ဆေး၊ အိမ်သုံးပစ္စည်း၊ လူသုံး ကုန်ပစ္စည်း၊ စက်ရုံသုံးပစ္စည်း၊ စက်နှင့်စက်ပစ္စည်း ကိရိယာများနှင့် ငါးဖမ်းပစ္စည်းတို့ကိုတင်သွင်းခဲ့ပါသည်။

              (၂၅-၁၁-၂၀၂၃) ရက်နေ့မှ (၂၇-၁၁-၂၀၂၃)ရက်နေ့ထိ အများဆုံးတင်သွင်းခဲ့သည့် သွင်းကုန် ပစ္စည်းများမှာ  အဝတ်အထည်၊ CMP ၊ စားသောက်ကုန်ပစ္စည်း၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း၊ စက်နှင့်စက် အပိုပစ္စည်းများ၊ သစ်သီးမျိုးစုံနှင့် လူသုံးကုန်ပစ္စည်းတို့ ဖြစ်ပါသည်။

              ပြင်ပငွေလဲနှုန်းအနေဖြင့် ယခင်အပတ်က တစ်ဘတ်လျှင် (၉၆.၁၅)ကျပ် ရှိပြီး ယခုအပတ် တွင် (၉၆.၁၅) ကျပ် ဖြစ်ပါသဖြင့်  ဘတ်စျေး တည်ငြိမ်လျှက်ရှိပါသည်။

              (၁၈-၁၁-၂၀၂၃ မှ ၂၄-၁၁-၂၀၂၃)ရက်နေ့ထိ အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများမှာ ကြက်သွန်နီ (၁) တန်လျှင် (၇၉၉.၁၂၀) ‌ဒေါ်လာဖြင့် (၂၆၅၂.၉၂၀) တန် (၂.၁၂၀) ဒေါ်လာသန်း၊  ငရုတ်သီး (အခြောက်) (၁)တန်လျှင် (၁၅၆၁.၁၇၇)‌ဒေါ်လာဖြင့် (၉၀၁.၂၄၃) တန် (၁.၄၀၇) ဒေါ်လာသန်း၊  သတ္တုနှင့်သတ္တုရိုင်းများ (၁)တန်လျှင် (၂၁၃၇.၂၉၄) ဒေါ်လာဖြင့် (၃၄၆.၇၀၀)တန်  (၀.၇၀၀) ဒေါ်လာသန်း၊  ဂေါ်ဖီ  (၁) တန်လျှင် (၂၀၃.၇၇၁) ဒေါ်လာဖြင့် (၂၇၅၈)တန် (၀.၅၆၂)ဒေါ်လာသန်း၊ ချုပ်ပြီးအထည်  (၂.၉၉၆) တန်၊ (၆၀၇၆၃) U(၀.၄၄၆) ဒေါ်လာသန်း၊ ပြောင်း (၁)တန်လျှင် (၂၇၃.၁၃၈)‌ ဒေါ်လာဖြင့် (၈၈၆.၀၀၀)တန် (၀.၂၄၂) ဒေါ်လာသန်း၊  မတ်ပဲ (၁) တန်လျှင် (၁၄၄၃.၇၅၀) ဒေါ်လာဖြင့် (၁၆၀.၀၀၀) တန် (၀.၂၃၁) ဒေါ်လာသန်း၊ ကွမ်းသီး  (၁) တန်လျှင် (၁၅၃၄.၂၅၈) ဒေါ်လာဖြင့် (၉၅.၁၆၀) တန် (၀.၁၄၆) ဒေါ်လာသန်း၊ ငါးမျိုးစုံ (၁) တန်လျှင် (၁၀၀၇.၈၁၁) ဒေါ်လာဖြင့် (၃၉.၆၉၀) တန် (၀.၀၄၀) ဒေါ်လာ သန်း၊ အခြားရေထွက်ပစ္စည်း (၁) တန်လျှင် (၁၀၇၈.၃၁၇) ဒေါ်လာဖြင့် (၃၂.၄၅၈) တန် (၀.၀၃၅) ဒေါ်လာသန်းတို့ ဖြစ်ပါသည်။

              (၁၈-၁၁-၂၀၂၃ မှ ၂၄-၁၁-၂၀၂၃) ရက်နေ့ထိ အများဆုံးတင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်း (၁၀)မျိုးမှာ ချုပ်ပြီးအထည် (၃.၅၂၁) ဒေါ်လာသန်း၊  ပလပ်စတစ်ကုန်ကြမ်းပစ္စည်းများ (၃.၂၄၄) ဒေါ်လာသန်း၊ ဆေးဝါးပစ္စည်းများ (၁.၇၆၀) ဒေါ်လာသန်း၊  တွင်းထွက်(သတ္တုမှအပ) ဆောက်လုပ်ရေးပစ္စည်းများ (၁.၀၀၂) ဒေါ်လာသန်း၊ စက်နှင့်စက်ပစ္စည်းများ (၀.၈၃၅) ဒေါ်လာသန်း၊ မော်တော်ယာဉ်နှင့် မော်တော်ယာဉ် ပစ္စည်းများ (၀.၈၃၂) ဒေါ်လာသန်း၊ ဆပ်ပြာ (၀.၇၈၃)ဒေါ်လာသန်း၊  သံနှင့်သံမဏိဆောက်လုပ်ရေး ပစ္စည်းများ (၀.၇၇၉) ဒေါ်လာသန်း၊ တာယာနှင့်ကျွတ်များ (၀.၇၇၆) ဒေါ်လာသန်း၊ သံနှင့်သံမဏိပစ္စည်း (၀.၅၈၇) ဒေါ်လာသန်း တို့ဖြစ်ပါသည်။

              မြဝတီကုန်သွယ်ရေးဇုန်အနေဖြင့် ၂၀၂၃  ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်နေ့မှ နိုဝင်ဘာလ ၂၇ ရက်နေ့အထိ အမှန်ဆောင်ရွက်နိုင်မှုမှာ ပို့ကုန် (၁၉.၄၄၃) ကန်ဒေါ်လာသန်း၊ သွင်းကုန် (၇၂.၈၆၁) ကန်ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ ( ၉၂.၃၀၄ ) ကန်ဒေါ်လာသန်း ဆောင်ရွက်နိုင်ခဲ့ပါသည်။