စစ်တွေကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုအခြေအနေ
စစ်တွေကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်နေ့မှ ၂၁ ရက်နေ့အထိ အကောက်ခွန်ဦးစီးဌာန၏ အမှန်တင်ပို့/တင်သွင်းစာရင်းများအရ ပို့ကုန် အမေရိကန် ဒေါ်လာ (၀.၀၆၉၂) သန်းရှိကြောင်း သိရှိရသည်။
ပို့ကုန်ပစ္စည်းများ အနေဖြင့် ဂျင်း (အစို) (၈)တန်၊ ငါးမြစ်ချင်း(၁-၂) (၁၅.၈၈၈) တန်၊ ငါးမြစ်ချင်း (၂-၃) (၁၀.၇၅၂)တန်နှင့် ငါးမြစ်ချင်း(၃-၅) (၂၄.၂၄၀)တန် တင်ပို့နိုင်ခဲ့သည်။
ငွေလဲနှုန်းအနေဖြင့် (၁) ဒေါ်လာလျှင် (၁၂၃.၀) တာကာနှင့် (၁) တာကာလျှင် (၂၇.၇၀) ကျပ် ဖြစ်ကြောင်းသိရှိရသည်။
(DOT စစ်တွေ)