ကော့သောင်းကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုအခြေအနေ

   ကော့သောင်းကုန်သွယ်ရေးစခန်းသည် ထိုင်းနိုင်ငံသို့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်နေ့မှ ၂၁ ရက်နေ့အထိ ပို့ကုန်တန်ချိန် (၁၇၀၈)၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၁.၆၉၂) သန်းနှင့် သွင်းကုန် တန်ချိန် (၃၅၂)၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၁၀၄) သန်းဖြစ်ပြီး ကုန်သွယ်မှုပမာဏမှာ (၁.၇၉၆) ဒေါ်လာသန်းဖြစ်သည်။

   အများဆုံးတင်ပို့နိုင်သည့် ပို့ကုန်ပစ္စည်းများမှာ ပုစွန်တန်ချိန် ၁.၈၀၊ ရေဘဝဲ တန်ချိန်(၀.၃၂၀)၊ ငါးဝိုင်းတန်ချိန် (၁၉.၅၂၀)၊ ငါးမုတ်မဲ တန်ချိန် ၂.၆၄၀၊ ဘောင်းကြေးငါး တန်ချိန် ၆.၆၄၀၊ ငါးချဉ်ပေါင် တန်ချိန် (၈၃.၉၉၀)၊ ပလာလန်းငါးတန်ချိန် ၅၃.၃၃၊ တာတိုငါးတန်ချိန် ၆၆.၀၃၊ ငါးမဲလုံးတန်ချိန် (၇၆.၁၄၀)နှင့် ပလာတူးခက်ငါး တန်ချိန် (၃၆၆.၅၆၀) တို့ဖြစ်သည်။

   အများဆုံးတင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်းမှာ ဓါတ်ဆီ တန်ချိန် (၃၀)၊ ပီလောပီနံမှုန့် တန်ချိန် (၃၀)၊ အိုင်အိုဒင်းဆား တန်ချိန် (၂၆၂) နှင့် ငှက်သိုက် တန်ချိန် (၂) တန်တို့ဖြစ်ကြောင်း သိရှိရသည်။

   ၂၂-၁၁-၂၀၂၃ ရက်နေ့ ပြင်ပငွေလဲနှုန်းမှာ မြန်မာငွေကျပ် (၁) သိန်းလျှင် (၁၀၃၀.၉၃) ဘတ်၊ (၁) ဘတ်လျှင် မြန်မာငွေ (၉၇) ကျပ်ခန့်ဖြစ်ကြောင်း သိရှိရသည်။

   စက်သုံးဆီဈေးနှုန်းများအနေဖြင့် ဓာတ်ဆီ ၁ ဂါလံလျှင် (၁၃၅၀၀) ကျပ်နှင့် ဒီဇယ် ၁ ဂါလံ လျှင် (၁၃၅၀၀) ကျပ်ဖြစ်ကြောင်း သိရှိရသည်။

(DOT ကော့သောင်း)