မြဝတီ ကူးသန်း ရောင်းဝယ် ရေးဇုန်မှ ငရုတ်သီးခြောက် ကန်ဒေါ်လာ သုည ဒသမ ၂၇၄ သန်း တင်ပို့

ဗုဒ္ဓဟူးနေ့ ၂၄ ဧပြီလ  ၂၀၁၃ 10 :20  AM

မြန်မာ- ထိုင်းနယ်စပ်ရှိ မြဝတီ ကူးသန်း ရောင်းဝယ် ရေးဇုန်အ နေနဲ့ မတ်လတွင် ကန်ဒေါ်လာ သုည ဒသမ ၂၇၄ သန်းတန် ဖိုးရှိ ငရုတ်သီးခြောက် ၁၅၇ တန်နီး ပါးတင်ပို့ နိုင်ခဲ့ပါတယ်။ အနီးကပ် ဆုံးကာလ ထက် ၄တန်ကျော် လျော့နည်း တင်ပို့ခဲ့တာ တွေ့ရပါတယ်။ မိမိနိုင်ငံမှ ငရုတ်သီး ခြောက်များကို မဲဆောက် မှဘန်ကောက် အထိ တင်ပို့ပြီး ဘန်ကောက် တွင်တန်ဖိုး မြင့်ထုတ်ကုန် အဖြစ်ထုတ် လုပ်ကာ မလေးရှား သို့ဆက်လက် တင်ပို့ကြောင်း သိရှိရပါတယ်။ ယခုအခါ ပြည်တွင်းမှာ ငရုတ်ထွက် ရှိမှုလျော့ နည်းလာ တဲ့အတွက် ကုန်ပစ္စည်း ရရှိမှုခက်ခဲ လာသဖြင့် တင်ပို့မှု ကျဆင်းလာ ကြောင်းသိ ရှိရပါတယ်။ မြဝတီ ကူးသန်း ရောင်းဝယ် ရေးဇုန်ရဲ့ ဇန်နဝါ ရီလမှ မတ်လထိ ငရုတ်သီး ခြောက်တင် ပို့မှုမှာ ၅၃၈ တန်နီးပါး၊ တန်ဖိုးကန် ဒေါ်လာ သုည ဒသမ ၉၃၂ သန်းဖိုး တင်ပို့ နိုင်ခဲ့ ပါတယ်။

ခင်မြနွယ်    (MIRT)