မြဝတီ ကူးသန်းရောင်း ဝယ်ရေးဇုန်မှ ဆန်ကွဲ ကန်ဒေါ်လာ ၂ သန်းနီးပါးတင်ပို့

ဗုဒ္ဓဟူးနေ့ ၂၄ ဧပြီလ  ၂၀၁၃ 10 :00  AM

မြန်မာ- ထိုင်းနယ် စပ်ရှိ မြဝတီ ကူးသန်း ရောင်းဝယ် ရေးဇုန်မှ မတ်လတွင် ကန်ဒေါ်လာ ၁ ဒသမ ၉၉၃ သန်းတန်ဖိုးရှိ ဆန်ကွဲ ၅၈၆၁ တန်တင်ပို့ နိုင်ခဲ့ပြီး အနီးကပ် ဆုံးကာလ နဲ့နှိုင်းယှဉ်ပါက ၃၃၄၇ တန်နီး ပါးပိုမို တင်ပို့ နိုင်ခဲ့ တာတွေ့ ရပါတယ်။ ဆန်ကွဲကို မုန့်လုပ် ငန်းများနဲ့ အရက်ချက် လုပ်ငန်း များမှာ ပိုမိုအ သုံးပြုပြီး တစ်ဖက်နိုင်ငံ အနေနဲ့ တရားမဝင် လမ်းကြောင်းမှ တင်ပို့မှုအ ပေါ်တားမြစ်မှု လျော့နည်း လာခြင်း၊ တစ်ဖက် နိုင်ငံကုန် သည်များ အနေနဲ့ မိမိတို့ နိုင်ငံမှ တင်ပို့နေတဲ့ ဆန်များ အရည်အ သွေးနိမ့် ကျတဲ့အတွက် ဆန်ထက် ဆန်ကွဲကို ပိုမိုနှစ် သက်မှာ ယူလျက် ရှိကြောင်း၊ သြင်္ကန် ကာလပိတ် ရက်များနီး လာသဖြင့် ကုန်မှာ ယူမှုများ လာကြောင်း ကုန်သည် များထံမှ သိရပါတယ်။ ဆန်ကွဲ တင်ပို့မှု အတွက် Form D ပါရှိပါက သတ်မှတ် အခွန် နှုန်းနဲ့ တင်သွင်း ခွင့်ပြုခဲ့ သော်လည်း အခွန်နှုန်း မြင့်မား၍ တရားမဝင် လမ်းကြောင်း မှသာတင် ပို့လျက် ရှိကြောင်း၊ Form D ကိုမူ မိမိတို့ နိုင်ငံ ထွက်ကုန် ပစ္စည်း ဖြစ်ကြောင်း အထောက် အထားအဖြစ် ရယူရခြင်း ဖြစ်ကြောင်း စုံစမ်းသိရှိ ရပါတယ်။ မြဝတီ ကူးသန်း ရောင်းဝယ်ရေး ဇုန်ရဲ့ ဇန်နဝါ ရီလမှ မတ်လထိ ဆန်ကွဲ တင်ပို့ မှုမှာ ၉၂၆၂ တန်နီးပါး၊ တန်ဖိုး ကန်ဒေါ်လာ ၃ သန်းကျော် တင်ပို့နိုင် ခဲ့ပါတယ်။

ခင်မြနွယ်    (MIRT)