ပြည်ပ တင်ပို့နေတဲ့ ကောက်ညှင်း စပါးများကို စပါးအတိုင်း တင်ပို့ခွင့် ပြုတော့မည် မဟုတ်ကြောင်းသိရ

ကြာသပတေးနေ့ ၂၁ မတ်လ  ၂၀၁၃ 11 း 30 AM

မိုင်းယောင်း မြို့နယ် အတွင်း ထွက်ရှိတဲ့ ဒေသသုံး ထက်ပိုလံျှသော ကောက်ညှင်း စပါးများကို ပြည်သို့ တင်ပို့ နေခြင်းအား ၂ဝ၁၄ ခုနှစ်မှစ၍ စပါးအတိုင်း ပြည်ပသို့ တင်ပို့ခွင့် ပြုတော့မည် မဟုတ်ကြောင်း ဖေဖော်ဝါရီလ ၂၇ ရက်နေ့ တာချီလိတ်မြို့ မြို့နယ် အကောက်ခွန် ဦးစီး ဌာနမှာ ကျင်းပ ပြုလုပ်တဲ့ ကုန်သွယ်မှု မြှင့်တင်ရေး အစည်းအဝေးမှာ ဒုတိယ စခန်းတာဝန်ခံ လက်ထောက် ညွှန်ကြားရေးမှူး ဦးကျော်စိုးဝင်းမှ အထက်ဌာန ညွှန်ကြားချက် များကို ရှင်းလင်း ပြောကြားရာမှာ ထည့်သွင်း ပြောကြား ခဲ့တယ်လို့ သိရပါတယ်။ ပြည်သူ လူထု အလုပ်အကိုင် အခွင့်အလမ်းများ ရရှိရန် ရည်ရွယ်ပြီး ဒေသ အတွင်း အရည်အသွေးမီ ကြိတ်ခွဲ နိုင်သော ဆန်စက်များ တည်ဆောက်ကာ ဆောင်ရွက် သွားရန် ညွှန်ကြားချက်များ အရ ၂ဝ၁၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှစ၍ မိုင်းယောင်း ဒေသမှ ထွက်ရှိလာမဲ့ ကောက်ညှင်း စပါးများအား တင်ပို့ခွင့် ပေးတော့မှာ မဟုတ်ကြောင်း သိရှိရပါတယ်။

 

Source ကသရ (တခလ)                                         ခင်မိုးသူ