ဘင်္ဂလား ဒေ့ရှ် သွားတဲ့ ရေငန် ပုစွန် ကျား
အင်္ဂါနေ့ ၅ မတ်လ ၂၀၁၃ 14 း 45 PM
စစ်တွေ နယ်စပ် ကုန်သွယ်ရေး စခန်းဟာ တစ်ဖက် ဘင်္ဂလားဒေ့ရှ် နိုင်ငံ တက္ကနဗ့်မြို့နဲ့ ရေမိုင် ၇ဝ ခန့်ခရီးကို ပင်လယ်ပြင် ဖြတ်သန်း ပြီး ကုန်သွယ်မှု ပြုလုပ် နေရ တဲ့ စခန်း တစ်ခု ဖြစ်ပါ တယ်။ ရေထွက် ကုန်ပစ္စည်း အုပ်စု ဖြစ်တဲ့ ရေငန် ပုစွန် ဟာ စစ်တွေ နယ်စပ် စခန်းရဲ့ အများဆုံး ပို့ကုန် ပစ္စည်း တစ်မျိုးပဲ ဖြစ်ပါ တယ်။ တစ်ဖက် နိုင်ငံ အနေ ဖြင့် ခေါင်းပါ/ မပါ ရေငန် ပုစွန်ကျား ကုန်ကြမ်း များကို ရောင်းနိုင် သလောက် ဝယ်လိုအား ရှိပြီး အအေးခန်း စက်ရုံ များမှ ပြုပြင် ထုတ်လုပ် ထားတဲ့ တန်ဖိုးမြင့် ကုန်ချော များကို ဝယ်ယူလေ့ မရှိ ပါဘူး။ လက်ရှိ ကာလ တွင် (တစ်ပေါင် ၁၅ ကောင်ပါ) ဆိုဒ် အကြီးဆုံး ဖြစ်တဲ့ ရေငန် ပုစွန်ကျား မှာ မိမိ ဖက်ဈေး တစ်ပိဿာ လျှင် (၁၉ဝဝဝိ/- မှ ၂ဝဝဝဝိ/-) ဖြစ်ပြီး တဖက် နိုင်ငံ ဈေးမှာ တစ်ပိဿာ လျှင် (၂၁၅ဝဝိ/- မှ ၂၂၅ဝဝိ/-) ဈေး ဖြစ်တယ် လို့ သိရ ပါတယ်။ ၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာ နှစ်မှာ ရခိုင် ပြည်နယ် တစ်ဝှမ်း ရှိ ပုစွန် မွေးကန် များမှ ကုန်ထုတ် လုပ်မှု ကျဆင်း လျက် ရှိပြီး ရေငန် ပုစွန် အများဆုံး တင်ပို့ နိုင်တဲ့ ကာလမှာ နှစ်စဉ် ဇွန်လ မှ အောက်တို ဘာလ အထိ ဖြစ်တယ် လို့ သိရ ပါတယ်။
နကသ (စစ်တွေ)