တာချီလိတ် စခန်းတွင် တစ်ဦး တည်းပိုင် ထုတ်ကုန်၊ သွင်းကုန် ( ITC ) ကတ် များဖြင့် လုပ်ငန်းများ စတင် ဆောင်ရွက်

ကြာသပတေးနေ့  ၂၈ ဖေဖော်ဝါရီလ ၂၀၁၃ 13:10 PM

တာချီလိတ် နယ်စပ် ကုန်သွယ်ရေး စခန်းတွင် ၂ဝ၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့ မှစပြီး တနိုင် တဆွဲ သယ်ဆောင် နေတဲ့ စီးပွားရေး လုပ်ငန်းရှင် များအား ITC ကတ်များ ထုတ်ပေးမှာ ဖြစ်ကြောင်း ဒေသနေ ပြည်သူ များအား အသိပေး ထားသော်လည်း တာချီလိတ် ဒေသတွင် လားဟူ နှစ်သစ် ကူးပွဲတော် ကာလနဲ့ တရုတ် နှစ်သစ်ကူး ကာလများ တိုက်ဆိုင် နေသဖြင့် နှစ်သစ်ကူး ပွဲတော် ကာလများ ပြီးတဲ့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှသာ စတင် လျှောက်ထား မှုများ ရှိခဲ့ ပါတယ်။ (၁၄) ရက်နေ့မှ (၂၁) ရက်နေ့ထိ ITC ကတ် ထုတ်ပေးမှု (၁၂) စောင် ရှိခဲ့ပြီး ကိုျင်းတုံ ဒေသ၊ တာချီလိတ် မြို့နဲ့ တာလေ ကျေးရွာမှ လျှောက်ထားမှု များရှိခဲ့ပါတယ်။ လိုင်စင် လျှောက်ထားမှု အနေဖြင့် သွင်းကုန် လိုင်စင် (၄) စောင် လျှောက်ထား ခဲ့ပြီး တန်ဖိုး အားဖြင့် ၁၄၄၄၈၃၆၅ ကျပ် ဖြစ်ပါတယ်။ အဓိက လျှောက်ထားတဲ့ ပစ္စည်း များမှာ ခေါင်းလျှော်ရည်၊ ဆပ်ပြာမှုန့်၊ မင်းဂွတ်သီး၊ မန်ကျည်းသီး၊ သရက်သီး တို့ ဖြစ်ကြပြီး လူသုံးကုန် ပစ္စည်း များလည်း လျှောက်ထား ခဲ့ကြောင်း တွေ့ရှိ ရပါတယ်။ ITC ကတ်ဖြင့် လိုင်စင် လျှောက်ထား သူများ အနေဖြင့် တာချီလိတ် ဒေသတွင် FDA ရုံး မရှိ သဖြင့် စားသောက် ကုန်များ တင်သွင်း ရာတွင် အခက် အခဲ များစွာ ရှိနေကြောင်း ဒေသခံ များရဲ့ ပြောကြား ချက်အရ သိရ ပါတယ်။ နယ်စပ် ဒေသ ဖြစ်သဖြင့် တစ်ဖက် နိုင်ငံမှ စားသောက် ကုန်များ ကိုသာ အဓိက အားထား စားသောက်တဲ့ ဒေသ ဖြစ်သဖြင့် စားသောက်ကုန် များအား လိုင်စင် လျှောက်ထား ရာတွင် လွယ်ကူသည့် အစီ အစဉ်များ ပြုလုပ် ပေးသင့်ကြောင်း ဒေသခံ များရဲ့ ပြောကြားချက် အရ သိရ ပါတယ်။

Source : နကသ (တခလ)------ကျော်စိုးဝင်း