အဝင်များလာသော ဂံျုစေ့များ

ဗုဒ္ဓဟူးနေ့ ၃၀ ဇန်နဝါရီလ ၂၀၁၃ 15:38 PM

တမူး နယ်စပ် ကုန်သွယ်ရေး စခန်းမှ အိန္ဒိယ နိုင်ငံထွက် ဂံျုစေ့များအား တင်သွင်း လျက်ရှိရာ ၂ဝ၁၃ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်နေ့မှ ၂၄ ရက်နေ့ အထိ ဂံျုစေ့ တန်ချိန် ၁၈၇ တန်၊ တန်ဖိုး ကျပ် ၁၅ ဒသမ ၆၉ဝ သန်း တင်သွင်း နိုင်ခဲ့ပြီး ယခင် အပတ် ၂ဝ၁၃ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်မှ ၁၇ ရက်နေ့ အထိ ဂံျုစေ့ တန်ချိန် ၆၈ ဒသမ ၅ တန်၊ တန်ဖိုး ကျပ် ၄၂ ဒသမ ၈၃၂ သန်းသာ တင်သွင်း နိုင်ခဲ့တဲ့ အတွက် ယခင် တစ်ပတ်ထက် တန်ချိန် ၁၁၈ ဒသမ ၅ တန်၊ တန်ဖိုး ကျပ် ၂၇ ဒသမ ၁၄ဝ သန်း ပိုမို တင်သွင်း နိုင်ခဲ့ပါတယ်။ ၎င်းတင်သွင်းသော ဂံျုစေ့များကို မုံရွာ စက်မှုဇုန်မှာ ရှိတဲ့ ဂံျုစက်ရုံများကို အဓိက ပေးပို့ပြီး ဂံျုမှုန့် အဖြစ် ကြိတ်ခွဲ ဖြန့်ဖြူး ရောင်းချကြောင်းနဲ့ ဂံျုစေ့ တင်သွင်းတဲ့ ရာသီချိန် ဖြစ်သဖြင့် ဂံျုစေ့များ ပိုမို တင်သွင်း လာနိုင်မယ်လို့ ခန့်မှန်း လျက်ရှိကြပါတယ်။

အောင်ကျော်မိုး (တမူး)