ပညာပေးသည့် ကာလ ကျော်လွန်ခဲ့ပါပြီ
အင်္ဂါနေ့ ၂၉ ဇန်နဝါရီလ ၂၀၁၃ 16:03 PM
တမူးမြို့တွင် နယ်စပ် ကုန်သွယ်ရေး ဦးစီး ဌာန၊ ညွှန်ကြားရေးမှူး၏ ကြီးကြပ်မှုဖြင့် နယ်စပ် ကုန်သွယ်ရေး ဦးစီးဌာန၊ အကောက်ခွန် ဦးစီးဌာန၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ နယ်စပ် ကုန်သွယ်ရေး ကုန်သည်များ အသင်း၊ သတင်းမီဒီယာ ကိုယ်စားလှယ်များ ပါဝင်သော Mobile Team အဖွဲ့သည် ၂ဝ၁၃ ခုနှစ် ဇန်နဝါရီလ ၂၃ ရက်နေ့တွင် တမူးမြို့မှ တုံဟဲသို့ သွားသော ကားလမ်းမပေါ်တွင် စားသုံးသူ အကာ အကွယ်ပေးရေး၊ ကုန်သွယ်မှု မြှင့်တင်ရေး နှင့် တရားမဝင် ကုန်သွယ်မှုများ လျော့နည်း ပပျောက်ရေး တို့အတွက် မော်တော် ယာဉ်များအား ရှာဖွေ စစ်ဆေးမှုများ ပြုလုပ်ခဲ့ ပါသည်။
ထိုသို့ ရှာဖွေ စစ်ဆေးရာတွင် စုစုပေါင်း ခန့်မှန်း တန်ဖိုးကျပ် ၈၉ဝဝဝဝ ရှိသော အကောက်ခွန်မဲ့ သယ်ဆောင် လာသည့် အိန္ဒိယ နိုင်ငံလုပ် ဒန်ရေပုံး၊ ကသည်း ဒန်အိုး၊ ဓာတ်မီးနှင့် စတီးပန်အိုး များအား သိမ်းဆည်း ရမိပါသည်။ Mobile Team အဖွဲ့၏ ပညာပေး ဆောင်ရွက်သည့် ကာလ ကျော်လွန်ပြီး ဖြစ်၍ အကောက်ခွန် လုပ်ထုံး လုပ်နည်းနှင့် အညီ ဆက်လက် ဆောင်ရွက် သွားမည်ဟု သတင်း ရရှိပါသည်။
လှဌေး (တမူး)