တစ်ဦးတည်းပိုင်ထုတ်ကုန်/ သွင်းကုန်မှတ်ပုံတင်ကဒ်ပြုလုပ်ရေး၊ စားသုံးသူအကာ အကွယ်ပေးရေး၊ ကုန်သွယ်မှုမြှင့်တင်ရေးနှင့် တရားမဝင်ကုန်သွယ်မှုများလျော့နည်း ပပျောက်ရေးအတွက် Mobile Team ဖြင့် ဆောင်ရွက်မည့်အစီအစဉ် များရှင်းလင်းဆွေးနွေး

တမူးနယ်စပ်ကုန်သွယ်ရေးစခန်းနယ်မြေတွင် တစ်ဦးတည်းပိုင်ထုတ်ကုန်/သွင်းကုန် မှတ်ပုံတင်ကဒ်ပြုလုပ်ရေး၊ စားသုံးသူ အကာအကွယ်ပေးရေး၊ ကုန်သွယ်မှုမြှင့်တွင်ရေးနှင့် တရားမဝင ်ကုန်သွယ်မှုများလျော့နည်း ပပျောက်ရေးအတွက် Mobile Team ဖြင့် ဆောင်ရွက်မည့် အစီအစဉ်များကို ၂၇-၁၂-၂၀၁၂ နေ့တွင်ကုန်သွယ်မှုမြှင့် တင်ရေးညှိနှိုင်း ဆွေးနွေးပွဲတွင် လည်းကောင်း၊ ၅-၁၂-၂၀၁၂ မှ ၆-၁၂-၂၀၁၂ နေ့ထိ ကျင်းပပြုလုပ်သည့် ကလေး-တမူး-ကလေး၀ နယ်စပ်ကုန်သည်ကြီးများ အသင်း၏ ဆဌမအကြိမ်မြောက် သင်းလုံးကျွတ် အစည်းအဝေးနှင့် ဗဟိုအလုပ် အမှုဆောင်အစည်းအဝေးများတွင် တမူးနယ်စပ် ကုန်သွယ်ရေးစခန်း၊ တာဝန်ခံညွှန်ကြားရေးမှူး ဦးဝင်းတင့်မှ ရှင်းလင်း ဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ပါတယ်။ အဆိုပါအစည်းအဝေးများသို့ တမူးခရိုင်၊ မြို့နယ်မှဌာန ဆိုင်ရာများ၊ (OSS)အဖွဲ့တာဝန်ခံများ၊ ကုမ္ပဏီမှ လုပ်ငန်းရှင်များ၊ ကိုယ်စားလှယ်များ၊ တမူးမြို့ပေါ်(၄) ရပ်ကွက်မှ အုပ်ချုပ်ရေး မှူးများ၊ တမူးမြို့ရှိ ခရီးသည်နှင့် ကုန်စည် ပို့ဆောင်ရေး ဂိတ်တာဝန်ခံများ၊ ကိုယ်စားလှယ်များ၊ နမ့်ဖာလုံဈေးမှတစ်နိုင်တစ်ဆွဲလုပ်ကိုင်နေသော ဈေးသူ၊ ဈေးသားများ၊ အလတ်စား၊ အငယ်စားကုန်သည်လုပ်ငန်းရှင်များတက်ရောက် ဆွေးနွေးမေးမြန်းခဲ့ကြ ပါတယ်။ ညွှန်ကြားရေးမှူး၊ ဦးဝင်းတင့်မှဆွေးနွေးပြောကြားရာတွင် ကုန်သည်အငယ်စား၊ အလတ်စားများနဲ့ တစ်နိုင် တစ်ဆွဲ ရောင်းဝယ်နေသူများ တရားဝင ်ကုန်သွယ်မှု လမ်းကြောင်းပေါ်သို့ရောက်ရှိစေရန်၊ နိုင်ငံတော် အတွက်လည်း ထိုက်သင့်သော အခွန်အခများရရှိစေရန်၊ တရားမဝင် ကူးသန်းရောင်းဝယ်မှုများလျော့နည်း ပပျောက်သွားစေရန်ရည်ရွယ်၍ တစ်ဦးတည်း ထုတ်ကုန်/သွင်းကုန်မှတ်ပုံကဒ်များကို ထုတ်ပေးရခြင်းဖြစ်ကြောင်း၊ မကြာမီ အကောင် အထည်ဖော်ဆောင်ရွက်မဲ့ စားသုံးသူ အကာအကွယ်ပေးရေး၊ ကုန်သွယ်မှုမြှင့်တင်ရေးနဲ့ တရားမဝင် ကုန်သွယ်မှုများလျော့နည်းပပျောက်ရေးအတွက် Mobile Team ဖြင့် ပညာပေး၊ အသိပေးကာလသတ် မှတ်ခြင်း၊ ကြေငြာခြင်း၊ ကွင်းဆင်းစစ်ဆေးမဲ့ ကာလသတ်မှတ်ခြင်း၊ ၁-၁-၂၀၁၃ ရက်နေ့မှစတင်၍ ပို့ကုန်၊ သွင်းကုန် ဥပဒေများနဲ့အညီ ဆက်လက်ဆောင်ရွက် သွားမှာဖြစ်ကြောင်း အကျယ်တဝင့်ရှင်းလင်း ဆွေးနွေး ခဲ့ကြောင်း သတင်းရရှိပါတယ်။

စမ်းစမ်းအေး (တမူး)