မဲခေါင်မြစ်ဒေသနိုင်ငံများအတွင်းမှာ ထိုင်းစီးပွားရေးဘဏ်ရုံးခွဲဖွင့်လှစ်မည်

   အိမ်နီးချင်းနိုင်ငံအတွင်းသို့ဝင်ရောက်ပြီး ရင်းနှီးမြှုပ်နံှမည့် ထိုင်းစီးပွားရေးလုပ်ငန်းရှင်များအား လက်ခံရန်နဲ့ လာမဲ့ ၂ဝ၁၅ ခုနှစ် AEC (သို့) အာဆီယံနိုင်ငံများ စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုအတွက် လက်ခံ ပြင်ဆင်ထားရန် အတွက် ထိုင်းစီးပွားရေး ဘဏ်သည် မဲခေါင်မြစ်ဒေသနိုင်ငံများ အတွင်းသို့ စီးပွားရေး လုပ်ငန်းတိုးချဲ့မှာ ဖြစ်ကြောင်း ၂ဝ၁၂ ခုနှစ် နိုဝင်ဘာလ ၁၂ ရက်နေ့တွင် ထိုင်းစီးပွားရေး ဘဏ် မန်နေဂျာ နိုင်းမာနုတ်စငင်ဘွတ် ကပြောကြားခဲ့ပါတယ်။ မြန်မာနိုင်ငံအတွင်းမှာ ရင်းနှီးမြှုုပ်နှံမည့် ထိုင်းပုဂ္ဂလိက လုပ်ငန်းရှင်များအား လက်ခံရန်အတွက် လာမဲ့ ၂၃-၁၁-၂ဝ၁၂ ရက်နေ့မှာ မြန်မာနိုင်ငံတွင် ထိုင်း စီးပွားရေး ဘဏ်ရုံး ခွဲဖွင့်လှစ်ပြီး မြန်မာနိုင်ငံဘဏ် (၈)ခုဖြင့် ပူးပေါင်းမယ်လို့သိရပါတယ်။ လာမဲ့ ၂ဝ၁၆ ခုနှစ်တွင် တရုတ်နိုင်ငံ ပီကင်းမြိ့ုတော်မှာ ထိုင်းစီးပွားရေး ဘဏ်ရုံးခွဲ ဖွင့်လှစ်ရန်ရှိပြီး၊ ယခုလက်ရှိ အချိန်တွင် လော၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်နိုင်ငံတို့မှာ ထိုင်းစီးပွားရေးဘဏ် ရုံးခွဲများ ဖွင့်လှစ်ပြီးဖြစ်ပါတယ်။ မြန်မာနှင့် တရုတ်နိုင်ငံတို့တွင် ပထမ ထိုင်းစီးပွားရေး ဘဏ်ရုံးခွဲဖွင့်လှစ် မည်ဖြစ်ပြီး နောက်အဆင့်တိုးမြင့်ပြီး ဘဏ်ခွဲဖွင့်လှစ်မှာဖြစ်ပါတယ်။ မြန်မာနဲ့ တရုတ် အစိုးရမှ ခွင့်ပြုလျှင် မြန်မာနိုင်ငံအတွင်း ဝင်ရောက်ရင်းနှီးမြှုုပ်နံှနိုင်ကြောင်း၊ အစားအစာနဲ့ အဖျော်ယမကာ၊ ဟိုတယ်၊ မပြောင်းရွှေ့နိုင် ပစ္စည်း၊ အိမ်ဆောက် ပစ္စည်း၊ စီးပွားရေးလုပ်ငန်း များ မြန်မာနိုင်ငံတွင် လိုအပ်နေကြောင်းနဲ့ ရင်းနှီးမြှုုပ်နံှမှုပြုလုပ်ပြီး မကြာမီအချိန် အတွင်းမှာ ရင်းနှီးမြှုုပ်နံှမှု ငွေအား ပြန်လည်ရရှိမှာဖြစ်ကြောင်း၊ မြန်မာနိုင်ငံ အတွင်းမှာ ရင်းနှီးမြှုုပ်နံှရန် စိတ်ဝင်စားတဲ့ ထိုင်းပုဂ္ဂလိက လုပ်ငန်းရှင်များထဲတွင် SME စီးပွားရေးလုပ်ငန်းရှင်နဲ့ အကြီးစားစီးပွားရေး လုပ်ငန်းရှင်များ ပါဝင်ကြောင်း ထိုင်းရတ် သတင်း စာမှာ ရေးသားဖော်ပြထားတယ်လို့ပါတယ်။

 

  Source း ထိုင်းရတ်သတင်းစာ (လင်းရောင်၊ တာချီလိတ် )