ရေခဲဖော့ပုံးကုန်ကြမ်းကော်စေ့အသွင်းရှိတဲ့ချင်းရွှေဟော်

မြန်မာ-တရုတ်နယ်စပ်ရှိ ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာ ဝ ဒသမ ဝ၁၂ သန်း တန်ဖိုးရှိ ကော်စေ့ ၉ တန်ကို အောက်တိုဘာလ ၂၄ ရက်မှ ၃ဝ ရက်ထိ ကာလအတွင်းမှာ တင်သွင်းမှုရှိခဲ့ပါတယ်။ ပြည်တွင်းလိုအပ်ချက်အရ တင်သွင်းခဲ့တဲ့ကော်စေ့ဟာ ချင်းရွှေဟော်နယ်စပ်စခန်းရဲ့ အမယ်သစ်သွင်းကုန် ဖြစ်တယ်လို့ သိရပါတယ်။ ငါးထည့်သယ်တဲ့ ဖော့ပုံးများထုတ်လုပ်မဲ့ ကုန်ကြမ်းဖြစ်ပါတယ်။ ပထမဆုံးအကြိမ် တင်သွင်းတာဖြစ်ပြီး ဆက်လက်တင်သွင်းသွားဖို့ စီစဉ်နေတယ်လို့သိရပါတယ်။

                                                                                                       (MIRT- DOBT)